Zawgyi
Ep 6
"အားကျန့်..သားရေ..ဒီနေ့ ပင်ပင်းနဲ့ ဝတ်စုံ သွားကြည့်ရမှာလေ..ထတော့.."
မနက်အစောကြီး ရှောင်မားတစ်ယောက် အခန်းရှေ့ကနေ
ရှောင်ကျန့်ကို နှိုးနေလေသည်"ဟုတ်..မား..သား ထပြီးနော်.."
ရှောင်ကျန့်လည်း ပြင်ဆင်ပြီး ပင်ပင်းကိုခေါ်ပြီး ဆိုင်ကို
ဝတ်စုံကြည့်ရန် သွားလေသည်"မောင်..ပင်ပင်း ဒါလေးနဲ့ လှလားဟင်.."
wedding dressကို ဝတ်ကြည့်ပြီး လှလားမေးနေတဲ့
ပင်ပင်းကို ရှောင်ကျန့် စိုက်ကြည့်နေလေရဲ့"ဟင်..မောင်လို့..လှလားလို့ မေးနေတယ်လေ.."
"ဟမ်..လှတာပေါ့ မောင့် ဇနီးလောင်းလေးက အလှဆုံးပဲ"
ရှောင်ကျန့်လည်း ပင်ပင်းရဲ့ပါးလေးကို ညှစ်ပြီး ပြောလိုက်လေသည်"ဟွန့်.မောင်ကတော့ ပိုပြီ.."
"တကယ်ပြောတာပါ..မောင့် မိန်းမက အလှဆုံး ."
"နေပါအုံး..မောင် ဒီနေ့ ဘာဖြစ်နေတာလဲ..ပင်ပင်းကို မိန်းမဆိုတာချည်းပဲ ..အရင်ကဆို စကားတောင် ကောင်းကောင်းပြောတာမဟုတ်ဘူး.."
"အရင်က မောင်တို့ လက်ထပ်မယ်ဆိုတာ မသေချာဘူးလေ
အခုတော့ မောင်တို့က လက်ထပ်တော့မှာပဲ...အရင်လို မနေသင့်တော့ဘူး ထင်လို့ပါ..."
ရှောင်ကျန့်လည်း ပင်ပင်းကို ပြန်ပြောလိုက်လေသည်"အင်းပါ..မောင်ရဲ့..အဲ့ဒါကြောင့် မောင့်ကို ပင်ပင်းက ချစ်တာ.."
"ပင်ပင်း မောင်တို့ ဝတ်စုံလည်း ရွေးပြီးပြီဆိုတော့ဒီနားက
ကော်ဖီဆိုင်လေးကို သွားထိုင်ရအောင်..""ဟုတ်..မောင့် သဘောလေ."
"ဒါဆို လာ သွားကြမယ်.."
ရှောင်ကျန့်တို့နှစ်ယောက် ကော်ဖီဆိုင်လေးသို့ သွားလေသည်ကော်ဖီဆိုင်ရဲ့ ထောင့်အကျဆုံး စားပွဲခုံလေးတစ်ခုမှာ
ရှောင်ကျန့် နဲ့ ပင်ပင်း ထိုင်နေလေရဲ့"ကိုကို..."
ရုတ်တရက် ကြားလိုက်ရတဲ့ ခေါ်သံဟာ
ဝမ်ရိပေါ် ရဲ့ အသံမှန်း ရှောင်ကျန့် သိသည်လှည့်မကြည့်ဖို့ ကြိုးစားရင်း ရှေ့က ပင်ပင်းကိုသာ
စိုက်ကြည့်နေမိသည်
KAMU SEDANG MEMBACA
Your Special Coffee Cup☕️[Completed]
Fiksi PenggemarWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...