Zawgyi
Ep 17
ရိပေါ် တစ်ယောက် စောစောပြန်လာမယ်ဆိုပြီး
ခုချိန်ထိပြန်မလာသေး
မလာသေးမဲ့တူတူ အရမ်းလည်း အိပ်ငိုက်နေတာမို့
အောက်ထပ်ကို သာ ရှောင်ကျန့် ဆင်းလာခဲ့လိုက်သည်
ဒီ အိမ်ထဲမှာ တစ်နေ့လုံး မပျင်းမရိ တစ်ယောက်တည်း နေနိုင်ပေမဲ့
ညဘက်ကိုတော့ ရိပေါ်မရှိဘဲ မဖြတ်သန်းချင်
မလာမချင်းစောင့်နေဖို့ ဆုံးဖြတ်လိုက်ပြီး
မီးဖိုချောင်ထဲသို့ လေးလံသောခြေလှမ်းများဖြင့်
လှမ်းလာခဲ့သည်
ခွက်တစ်ခွက်ကို ယူကာ အသင့်သောက်ကော်ဖီတစ်ထုပ်ကို ဖောက်ကာ ထည့်လိုက်သည်
ဟုတ်တယ်လေ ငါက ကော်ဖီမှုန့်အစစ်မှ
မကြိတ်တတ်ဘဲစားပွဲပေါ်က ကော်ဖီခွက်လေးကိုကြည့်ရင်း
ရှောင်ကျန့် မျက်နှာက ရှုံ့မဲ့မဲ့
တစ်သက်လုံး မသောက်ချင်လို့ ရှောင်ခဲ့ရတဲ့အရာကြီးကို ဒီနေ့တော့ သောက်ရမည်လေ
ရှောင်ပြေးနေတဲ့ ရိပေါ်ဆိုတဲ့ ဟာလေးကိုတောင်
တည့်တည့်ဝင်တိုးမိသေးတာပဲ ဒီကော်ဖီလောက်ကတော့
မမှုပေါင် ရိပေါ်ပြောဖူးတယ် သူက ကော်ဖီခွက်လေးတဲ့
အက်တော့ ငေးငိုင်ပြီးတွေးတောမနေတော့
ခုပဲ သောက်ပစ်လိုက်မယ်....ဂွက်ဝင်ခါစမှာ ခါးပေမဲ့ နောက်မှ အရသာလေးက
ချိုသလိုလို..အော် ကော်ဖီဆိုတာ ဒီအရသာလေးပါလား
ဒါမှန်း သိရင် စောစောသောက်ခဲ့ပါတယ်
ပြီးတော့ ရိပေါ် မင်းကိုရောပေါ့
ဘယ်ချိန်တည်းက ချစ်မိခဲ့မှန်းမသိခဲ့ပေမဲ့
ငါ့ အတ္တတွေကြောင့် မင်းအချစ်ကို မြင်အောင်မကြည့်နိုင်ခဲ့ဘူးလေဒါပေမဲ့ ဒီနေ့တော့ စိတ်ဆိုးတယ်
စောစောပြန်လာပါ့မယ်ဆိုပြီး မှောင်နေပြီ ခုထိပြန်မလာသေး
ရှောင်ကျန့် ထိုင်နေရာမှ မီးခလုတ်ရှိတဲ့နေရာကိုသွားပြီးတစ်အိမ်လုံးကို
မီးပိတ်ကာ အမှောင်ချလိုက်သည်ရိပေါ် ကားလေးကို ခြံထဲထိ မောင်းလာခဲ့ရင်း
စိတ်တွေကလည်း ရှောင်ကျန့်ဆီသာရောက်နေခဲ့သည်
စောစောပြန်လာခဲ့မယ် လို့ ကတိပေးခဲ့ပါလျှက်
ဒီနေ့ကြမှ အလုပ်တွေကလည်း မပြီးနိုင်မစီးနိုင်
ဒါတောင် အမြန်လက်စသတ်ခဲ့ရတာ
ကိုကို စိတ်ဆိုးနေမှာစိုးတာကြောင့်
ကားပေါ်က အမြန်ဆင်းပြေးရင်း
အိမ်တံခါးကို ဆွဲဖွင့်လိုက်တော့
ကိုကို့ မျက်နှာချောချောလေးအစား
ပိတ်ပိတ်ပိန်းမှောင်နေတဲ့ အမှောင်ထုကိုသာတွေ့ရသည်
VOCÊ ESTÁ LENDO
Your Special Coffee Cup☕️[Completed]
FanficWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...