Ep 14

609 37 1
                                    

Zawgyi

Ep 14

"ယွီပင်း...ငါ့ကို ရိပေါ်ဆီလိုက်ပို့ပေးပါ.."
မျက်ရည်တွေကျကာ တောင်းဆိုနေတဲ့ ရှောင်ကျန့်ကြောင့် မတတ်သာဘဲ ယွီပင်းလည်း လိုက်ပို့ပေးလိုက်ရသည်

ခြံထဲမှာ ကားရပ်ရပ်ခြင်း ရှောင်ကျန့်တစ်ယောက်
ကားပေါ်က ပြေးဆင်းသွားပြီး
အိမ်ထဲသို့ ပြေးဝင်သွားလေသည်

"ရိ..ရိပေါ်..ငါ ငါ တောင်းပန်ပါတယ်.."
တွေ့တွေ့ချင်း ပြောရတဲ့ စကားက
တောင်းပန်ပါတယ်ဆိုတဲ့ စကားအပြင်
တစ်ခြား ပြောမထွက်ရဲဘူး ရိပေါ်

"ခင်ဗျား..နေရာမှားလာတယ်ထင်တယ်..ဒါမှမဟုတ်ရင် ခင်ဗျား ပစ္စည်းတြွေပန်လာယူတာလား..အော မေ့နေလိုက်တာ..ရောက်လာကတည်းက အဝတ်တစ်ထည်ပဲပါခဲ့တာလေ...ပစ္စည်းတွေလာယူတာတော့ မဟုတ်ဘူး ထင်တယ်.."

"ရိပေါ်...ငါ မင်းအချစ်တွေကို မမြင်ခဲ့လို့ တကယ်တောင်းပန်ပါတယ်..ငါ့ကို ခွင့်လွှတ်ပေးပါ.."

"ခွင့်လွှတ်တယ်..ခွင့်လွှတ်တာမို့..လွတ်မြောက်ခွင့်ပေးလိုက်တာလေ..တော်ပါတော့ စကားလုံးတွေနဲ့ နှိပ်စက်တာ တော်လောက်ပြီ ရှောင်ကျန့်...!!"
ရိပေါ်ရဲ့ အော်လိုက်တဲ့ အသံကြောင့် ရှောင်ကျန့်ကိုယ်လေး တုန်သွားလေသည်

ရင်နာနာနဲ့ ဖွင့်ဟ ခဲ့ရပေမယ့် အရာအားလုံးက
ခင်ဗျား ပျော်ရွှင်ဖို့ အတွက်ချည်းသာ.....

"ရိပေါ်....ရိပေါ် ငါ့ကိုအဲ့လို မလုပ်ပါနဲ့..ကျေးဇူးပြုပြီး
အရင်လို ပြန်ချစ်ပေးပါလား..နော်..နော်..ရိပေါ်.."
ရှောင်ကျန့် မျက်ရည်တွေ အတားအဆီးမဲ့စွာ
စီးဆင်းလျှက် ရိပေါ်ကို တောင်းပန်နေမိသည်

ခင်ဗျား ဘာဖြစ်ချင်တာလဲ ရှောင်ကျန့်ရာ
ကြည်ကြည်ဖြူဖြူ ကမ်းခဲ့သမျှ လက်တွေကို
အကြင်နာတရား ကင်းမဲ့စွာ လျစ်လျူရှုခဲ့သမျှ
ခင်ဗျားနဲ့ ကြမှ စုပြုံပြီး ခံစားနေရတယ်
ဆွဲထားပြန်တော့လည်း နာကျင်ရသလို
စွန့်လွှတ်တော့လည်း တကယ်တမ်းနာကျင်ရတာ
ကျွန်တော်ပါပဲ
လွှတ်ချလိုက်ပါလားဆိုတော့ ဟင့်အင်း
တစ်ဘဝလုံးစာအတွက် နာကျင်ချင်လောက်အောင်
နှစ်နှစ်ကာကာ ချစ်ခဲ့တာမို့.......

Your Special Coffee Cup☕️[Completed]Where stories live. Discover now