Zawgyi
Ep 5
"အားကျန့်..သား သွားတော့မှာလား.."
ဝတ်စုံပြည့်ပြင်ဆင်ပြီး ကုမ္မဏီသို့သွားရန်ထွက်လာသော
ရှောင်ကျန့်အား ရှောင်မားမှ မေးလိုက်သည်"ဟုတ်မား..ဒီနေ့ အရေးကြီးနေလို့..သားသွားတော့မယ်နော်"
ရှောင်ကျန့်လည်း မားကို နှုတ်ဆက်ပြီး ကုမ္မဏီသွားရန်
ကားနားသို့အရောက်"ဟမ်..ငါ့ ကားဘီး..ပေါက်နေတာလား..မိုးလင်းတည်းက
ကံမကောင်းခြင်းတွေက စပြီ အရေးကလည်း ကြီးနေတယ်
ငါ တက္ကစီပဲစီးသွားရတော့မှာပဲ..."
ဘောက်ဆတ်ဘောက်ဆတ် ပြောကာ ခြံရှေ့သို့အထွက်
ကားတစ်စီးရပ်နေတာ မြင်လိုက်ရသည်တက္ကစီသာဆိုရင်တော့ အတော်ပဲ
ကားကို ကြည့်ရတာတော့ တက္ကစီဖြစ်ပုံမပေါ်
တက္ကစီမလာသေးတာမို့ လမ်းလျှောက်ပြီး
ရတဲ့နေရာမှစီးဖို့သာ ရှောင်ကျန့် ဆုံးဖြတ်လိုက်သည်"ပွမ်..ပွမ်..🚗"
ရှောင်ကျန့် လမ်းလျှောက်နေတုန်း
ကားဟွန်းတီးလာတာမို့ ..
"ဟ ဒီကားက ဘာဖြစ်ရပြန်တာ..အလွတ်ကြီးကို သက်သက်မဲ့ ဟွန်းလာတီးနေတယ်..."ရှောင်ကျန့် ကြိမ်းဝါးနေရင်း ကားက
သူ့နားမှာရပ်သွားလေသည်ကားထဲကို ကြည့်လိုက်တော့
" ဟမ်..ဝမ်ရိပေါ်..."
ရှောင်ကျန့် အံ့အားသင့်စွာ ဝမ်ရိပေါ်အား ကြည့်နေလေရဲ့တမင်ဘဲ လိုက်လာတာလား
မတော်တဆလား..ငါ နေတဲ့နေရာသာ
သူသိသွားရင်တော့ ငါတော့ မိုးမီးလောင်တော့မှာပဲ"ကိုကို..အကူအညီလိုနေတယ်မလား..လာ တက် ကျွန်တော်လိုက်ပို့ပေးမယ်.."
ကားပေါ်က နေ ဝမ်ရိပေါ်က ပြုံးပြုံးလေးပြောလေသည်"ငါ အကူအညီလိုနေရင်တောင် မင်းဆီက မလိုချင်တာမို့..လစ်လိုက်တော့..."
ဟ.ဒီကိုကိုကလေ ကျွန်တော့်ကိုဆို အကောင်းကိုမမြင်ဘူး
ပထမဆုံးတွေ့တဲ့နေ့ကပဲ အကောင်းပြောတယ်
ကျွန်တော် ဖွင့်ပြောပြီးတည်းက အမြင်မကြည်တော့တာ
အေးပေါ့လေ..ချစ်သူကောင်မလေးတောင်ရှိတဲ့
အဖြောင့်ကြီးကို ချစ်ရတာလည်း
ဝမ်ရိပေါ်အတွက်တော့ လွယ်ကူမနေဘူး...
![](https://img.wattpad.com/cover/269502709-288-k195919.jpg)
ESTÁS LEYENDO
Your Special Coffee Cup☕️[Completed]
FanficWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...