Ep 12

566 35 1
                                    

Zawgyi

Ep 12

"ရိပေါ် မင်းက ငါ့ကို တကယ်ပဲ ချစ်တာလားဟင်"
ရိပေါ် ရေချိုးပြီး အဝတ်အစားယူရန်
ဗီရိုကို ဖွင့်လိုက်စဉ်
နောက်ကနေ ခါးကို လာဖက်ပြီး ပြောလာတဲ့
ရှောင်ကျန့်ကြောင့် ရိပေါ် အံ့သြသွားရသည်

ရိပေါ် နှုတ်ခမ်းလေး
ကွေးတက်သွားအောင်ပြုံးလိုက်ပြီး
ဖက်ထားတဲ့ ရှောင်ကျန့်ရဲ့လက်ကလေးကိုဖြုတ်ကာ
ရှောင်ကျန့်ကို ဗီရိုသို့ ဆွဲကပ်လိုက်ပြီး
မျက်နှာချင်းဆိုင်စေလိုက်သည်
ပြီးမှ ရှောင်ကျန့် နဖူးလေးကို နမ်းလိုက်တော့
ရှက်လို့ ထင်ပါရဲ့ ကိုကိုက ခေါင်းလေးကိုငုံ့ထားဆဲ

"ချစ်တာမှ ပြောမပြတတ်အောင်ချစ်တာ..ကိုကို မယုံသေးဘူးလားဟင်.."
ရိပေါ် စကားအဆုံးမှာပဲ
ရှောင်ကျန့်က ရိပေါ် နှုတ်ခမ်းလေးကို
ဖျက်ခနဲလှမ်းနမ်းလိုက်တော့
ဝမ်ရိပေါ် တစ်ယောက် အံ့သြပြီးရင်း အံ့သြရင်း

ခု ဒါဘာလုပ်လိုက်တာလဲ
ကိုကိုက ငါ့ကို နမ်းလိုက်တာလား
အား...ဗြောင်းဆန်နေပြီ ရင်ထဲမှာ
ကိုကိုရာ ပြုစားလွန်းတယ် တအား....

"ကိုကို ကျွန်တော့်ကို ချစ်လားဟင်.."

"အင်း"

"မရဘူးကွာ..ချစ်တယ်လို့ပြော.."
ရိပေါ်က ဂျီကြတော့
"အင်း အင်း ချစ်တယ်.."

အကြားချင်ဆုံးစကားကို ကြားလိုက်ရတော့
ဒီ ကမ္ဘာမှာ အပျော်ဆုံးလူသားက
ဝမ်ရိပေါ်မှလွဲပြီး တစ်ခြားရှိမယ်မထင်
စောင့်မျှော်နေရတဲ့ နေ့လေးရောက်လာခဲ့ပြီမို့
စွန့်စားရကျိုးနပ်ပါတယ်လေ....

"ဘယ်တုန်းက ချစ်သွားတာလဲ.​.."

"........."
ရှောင်ကျန့်ဆီမှ စကားပြန်မရတာမို့
"အင်း မမေးတော့ဘူး ကိုကိုချစ်ရင် ရပြီမို့လို့.."

"ရိပေါ် မင်း ငါ့ကို စခေါ်လာတဲ့နေ့တုန်းကလို ရိုက်အုံးမှာလား.."
ကိုကိုက မျက်နှာငယ်လေးနဲ့ မေးတော့
ရိပေါ် တကယ်ပဲ ကိုယ့်ကိုယ်ကို မုန်းမိသည်
အက်နေ့က စိတ်မထိန်းနိုင်ခဲ့ဘဲ
ကိုကို့ ကို နာကျင်စေမိတဲ့ အတွက်ရော
အပြစ်ဒဏ်ခံပါ့မယ်..ကိုကိုပေးချင်တဲ့အပြစ်ပေးပါ...

Your Special Coffee Cup☕️[Completed]Opowieści tętniące życiem. Odkryj je teraz