Zawgyi
Ep 18
မျက်နှာထက်က လက်လှလှလေးရဲ့ ကောင်းမှုကြောင့်
ရိပေါ် ကောင်းကောင်း အိပ်လို့မရ
နဖူးကိုကိုင်လိုက် ပါးကို လက်ညှိုးနဲ့ထိုးလိုက်
နှုတ်ခမ်းလေးကို လက်မနဲ့ ပွတ်ဆွဲလိုက်လုပ်နေတဲ့
ရှောင်ကျန့် ကြောင့် မျက်လုံးမဖွင့်ဘဲ ရိပေါ်မျက်နှာကြီးက အပြုံးပန်းတွေဝေနေလေရဲ့ချစ်ရသူနဲ့ အတူ ရှိတဲ့ခံစားချက်က
ဘယ်လိုပြောရမလဲ ဆိုတော့ အင်း....
ကမ္ဘာတစ်ခုလုံးကို အပိုင်စားရသွားသလိုမျိုးပေါ့
မောင့် ကမ္ဘာမှာ ကိုကိုသာရှိရင် အရာရာဟာ
သိပ်ကိုလှပနေမှာ...."နိုးရင် ထတော့!ဇိမ်ခံနေသေးတယ်"
မငြူစူချင်ပါဘဲ ငြူစူနေတဲ့ ကိုကို့အသံဟာ
အသဲယားဖွယ်အတိပါဘဲ
စိတ်ရှိတိုင်းသာဆို တစ်ကိုယ်လုံးကို ငုံထားပစ်ချင်တာ"အင်း.....ငါးမိနစ်လောက်ပဲ.."
မျက်လုံးမဖွင့်ပါဘဲ လက်ငါးချောင်းထောင်ကာ
ပြောနေတဲ့ ဝမ်ရိပေါ်ဟာ တကယ်ကို ကလေးလေးပါပဲဖောင်းနေတဲ့ ပါးနုနုလေးကို နှာခေါင်းလေးနစ်ဝင်အောင်နမ်းလိုက်တော့" အွန်း "ဆိုတဲ့ အသံပိစိလေးနဲ့
မျက်လုံးလေးဖွင့်လာတဲ့ ရိပေါ်ကို ကြည့်ပြီး
ရှောင်ကျန့် ပြုံးမိသည်"ဝါး.....ကိုကို့အနမ်းနဲ့မှ မနက်ခင်းက ပြည့်စုံသွားတာ.."
မျက်စိလေးကို မှေးစင်းကာ ရိပေါ်က ပြောလာတော့
"ကလေးလေး ကြနေတာပဲ.."
ရှောင်ကျန့် စကားကို ရိပေါ်ကြားတော့ ပြုံးစစမျက်နှာပေးက နေရာယူသည်"ကလေး မဟုတ်တာ..ကိုကို သိပါတယ်..ဟင်း ဟင်း"
"စောစောစီးစီး ကို အဲ့ဒါ ဘာစကားလဲ မင်း...!"
မျက်လုံးကို ပြူးပြီး ယုန်သွားနှစ်ချောင်းပေါ်အောင်
သွားစိပြလိုက်တော့
ရိပေါ်တစ်ယောက် အသဲယားကာ
ရှောင်ကျန့် ကိုယ်ပေါ်ကို အုပ်မိုးလိုက်သည်ဖွေးဖြူနေတဲ့ လည်ပင်းသားလေးကို ကိုက်လိုက်တော့
"ဝမ်ရိပေါ် မင်းက ခွေးလား...""ခွေးမဟုတ်တဲ့ ခြင်္သေ့ကြီးပါ ..အောက်က ယုန်လေးကို ဝါးစားပစ်ရင် ကောင်းမလား ပဲ....ဝေါင်း...!!"
အသံဟိန်းပြကာ ပြောတဲ့ ရိပေါ်ကြောင့်
ရှောင်ကျန့် အသဲယားကာ ကုတင်ပေါ်ကနေ ကန်ချပစ်လိုက်တော့သည်
YOU ARE READING
Your Special Coffee Cup☕️[Completed]
FanfictionWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...