Ep 9

549 36 1
                                    

Zawgyi

Ep 9

မနက်ခင်းရဲ့ နေရောင်ခြည်စူးစူးဟာ ရှောင်ကျန့်ရဲ့မျက်နှာပေါ်မှာ ဖြာကျလျှက်ရှိသည်
"ချစ်ဖို့ ကောင်းလိုက်တာ.ကိုကိုရယ်"
နှုတ်ခမ်းအောက်က မှဲ့နက်လေးကို ရိပေါ်လက်လေးနဲ့
ထိကြည့်လိုက်တော့ မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ လှုပ်လာတဲ့ ကိုကိုဟာတကယ်ကို ချစ်စဖွယ်အတိ
ငုံထားလို့ ရရင် တစ်ကိုယ်လုံးငုံထားချင်တယ်ဗျာ...

"မင်း..မင်း ဒါဘာလုပ်တာလဲ..ငါ့ နှုတ်ခမ်းကို ဘာလို့ကိုင်နေတာလဲ."
ရှောင်ကျန့် နိုးနိုးချင်း သူ့နှုတ်ခမ်းကိုကိုင်နေတဲ့ရိပေါ်ကို လန့်ကာ တွန်းလိုက်မိသည်

"မလန့်ပါနဲ့ ကိုကိုရာ.ကိုကို့ ပါးစပ်က ကျွန်တော့်ကို ချစ်တယ်လို့ မပြောမချင်း လက်ဖျားနဲ့တောင် ထိမှာမဟုတ်လို့.."

"ငါ..ငါ..ညက ကြောက်လို့ မင်းကို ခဏအနားမှာထားတာ..နောက်နေ့ မင်း ငါ့အနားကို မလာနဲ့.."

"မရဘူး ကိုကို..အနေနီးမှ သံယောဇဉ်ဆိုတဲ့ ကြိုးမျှင်လေး တွယ်မှာ ကိုကို ပြန်မချစ်ရင်တောင် အက်ကြိုးမျှင်လေးကို ရေးရေးလေးတော့ ချည်နှောင်ချင်လို့ပါဗျာ.."
ချစ်လွန်းလို့ ခိုးပြေးလာခဲ့တာကို အနားကိုမလာပါနဲ့တဲ့လား ဟင့်အင်း
ကျွန်တော်ဆိုတဲ့ ကောင်ဟာ အချိန်တိုင်း
ကိုကို့အနားမှာနေရဖို့ ကြိုးစားနေမှာ..

"ဝမ်ရိပေါ် မင်းအနားမှာ နေရတာ ငါကြောက်လာပြီ
မင်းလို အရူးနဲ့ ငါ တစ်စက္ကန့်တောင်မနေချင်ဘူး
ငါ့ကို ပြန်လွှတ်ပေး အရူးကောင်"
ရှောင်ကျန့် မိုးလင်းလင်းချင်းပဲ
ရိပေါ်ကို အော်ဟစ်ကာ ပြောဆိုနေမိသည်

"တော်ပါတော့ ကိုကို..ဒီမှါ ကိုကိုသောက်ဖို့ ကော်ဖီ..ကျွန်တော် ဖျော်လာတယ်.."
ရှောင်ကျန့်ပြောမဲ့ စကားတွေကို ရိပေါ်ဆက်နားမထောင်နိုင်တော့ပါ
အလိုက်ကန်းဆိုးမသိ မျက်ဝန်းထက်က ခုန်ဆင်းချင်နေတဲ့ မျက်ရည်တွေကိုလည်း မကျအောင်
ထိန်းထားရင်း အတတ်နိုင်ဆုံးပြုံးကာ ရိပေါ်ပြောလိုက်သည်

"ပြန်ယူသွား..ငါ ကော်ဖီမကြိုက်ဘူး..မင်းကိုလည်းမချစ်ဘူး.."
ရှောင်ကျန့် ပြောပြီး ရိပေါ်ကို တွန်းကာ
ရေချိုးခန်းထဲသို့  ပြေးဝင်သွားသည်

Your Special Coffee Cup☕️[Completed]Hikayelerin yaşadığı yer. Şimdi keşfedin