Ep 15🚨🚨

825 42 0
                                    

Zawgyi

Ep 15

ထပ်တူကျနေတဲ့ နှုတ်ခမ်းနှစ်စုံကို
ရိပေါ် ခွါချင်စိတ်မရှိပေမဲ့
ကိုကိုက အသက်ရှူကျပ်လာလို့ ထင်ပါရဲ့
လက်သီးသေးသေးလေးနဲ့ ရင်ဘတ်ကိုလာထုတယ်

ကျွန်တော် ဆိုသည်မှာလည်း
ကိုကို နာကျင်ရမယ့်အလုပ်ဆို ပိစိလေးတောင်
မလုပ်ချင်တာမို့လို့
ကိုကို့ နှုတ်ခမ်းလေးကို မလွှတ်ချင်ဘဲ
လွှတ်ပေးလိုက်ရသည်

သူ့နှုတ်ခမ်းလေးကို ရန်ရှာတာ ရပ်ပေးလိုက်တော့
ကိုကိုက ပါးစပ်လေးကိုဟကာ အသက်ကိုဝအောင်ရှုနေလေသည်
စိုစွတ်နေတဲ့ ကိုကို့ရဲ့ နှုတ်ခမ်းပါးလေးဟာ
ရဲရဲနီနေတာကြောင့် ရိပေါ်စိတ်ထဲတော့
စတော်ဘယ်ရီသီးလေး တစ်လုံးနှယ်
ကြည့်လေ ကြည့်လေ ရေငတ်သလို အာခေါင်တွေခြောက်လာလေသည်
ဆက်ကြည့်နေရင် သူ့စိတ်သူသိတာကြောင့်
ရိပေါ် ထသွားရန် ဆုံးဖြတ်လိုက်သည်
ရိပေါ်လည်း ရှောင်ကျန့် ကိုယ်လုံးပေါ်ကနေ
ကျော်ခွကာ ဆိုဖာပေါ်ကနေ ထလိုက်တော့
လက်ကို ဆောင့်ဆွဲလာတဲ့ ရှောင်ကျန့်ကြောင့်
ရိပေါ် တစ်ကိုယ်လုံး ရှောင်ကျန့်ပေါ်ကို ပြုတ်ကျသွားလေသည်

ရိပေါ်လည်း ရှောင်ကျန့်အပေါ်ကနေ
ဆေးဆိုးမထားပါဘဲ သဘာဝအတိုင်းရဲနေသော
စတော်ဘယ်ရီရောင် နှုတ်ခမ်းလေးကို
တစ်ဝကြီး စိုက်ကြည့်နေမိသည်

"...ဒီတိုင်းပဲ ကြည့်နေတော့မှာလား.ဟင်..မောင်.."
ရိပေါ်ရဲ့ လည်ပင်းကို ရှောင်ကျန့်က သိုင်းဖက်လာပြီး
မျက်နှာက ပြုံးစိစိနဲ့

"ကိုကိုဗျာ..မောင် စိတ်ထိန်းထားတာ ကိုကို လာမဆွနဲ့ဗျာ..."
ရိပေါ်က မျက်စိကို စုံမှိတ်ကာ အံကြိတ်ပြီးပြောတော့

"မောင်..ကိုကို့ မျက်လုံးကို သေချာကြည့်"
ရှောင်ကျန့်က ပြောတော့ ရိပေါ်က သေချာကြည့်လာသည်
"ဘယ်သူက ထိန်းခိုင်းနေလို့လဲ ပြော.."

"ဒါပေမဲ့......."

"ဒါပေမဲ့ ဆိုတာ မရှိဘူး...ကိုကို့ကို ချစ်တယ်မလား"

"ချစ်တော့ ချစ်ပါတယ် အု......"
ရိပေါ် ငြင်းမယ် ကြံတုန်း ရှောင်ကျန့်က ရိပေါ်လည်ပင်းကို အောက်ဆွဲလိုက်ပြီး ငုံ့စေကာ
နှုတ်ခမ်းကို နမ်းလိုက်လေသည်

Your Special Coffee Cup☕️[Completed]Where stories live. Discover now