Zawgyi
Ep 16
ပြတင်းပေါက်ကို ဖြတ်ကာဝင်လာတဲ့ နေရောင်ခြည်စူးစူးဟာ ရှောင်ကျန့် မျက်နှာကို လာထိုးတော့
မျက်လုံးလေးတွေဟာ လှုပ်လီလှုပ်လဲ့..မျက်လုံးလေးကို မဖွင့်ဘဲ ညက အကြောင်းတွေ
ခေါင်းထဲအစီအရီဝင်လာတော့
ရှက်ရသူဟာ ရှောင်ကျန့်ဆိုတဲ့ကျွန်တော်ပင်
ဘယ်လိုပဲ ဖြစ်နေပါစေ ချစ်ရသူနဲ့အတူ
နိုးထခွင့်ရတဲ့ မနက်ခင်းတိုင်းဟာ
လှပနေမှာ အသေအချာမျက်လုံးလေးကို ဖွင့်လိုက်ပြီး ဘေးကိုကြည့်လိုက်တော့
"အမလေး..."
မျက်လုံးကြီးကို ပြူးကာ စိုက်ကြည့်နေတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့် လန့်ကာ အော်လိုက်မိသည်"အော်ဟော...ဒီလေါက်ချောမောတဲ့ မျက်နှာလေးကို
လန့်တယ်ပေါ့လေ.."
နှုတ်ခမ်းကြီးဆူကာ ပြောလာတဲ့ ရိပေါ်ကြောင့်
ရှောင်ကျန့် အသဲယားကာ ပြွတ်ခနဲ လှမ်းနမ်းလိုက်သည်"စောစောစီးစီးကွာ..စားပစ်လိုက်ရ.."
"ဟိုး..ဟိုးထား..ဆရာ..ညကဟာတောင် တော်တော်နာနေသေးတယ်.."
ရှောင်ကျန့်က ရိပေါ်ရင်ဘတ်လေးကို ထုကာပြောလိုက်လေသည်"နောက်တစ်ခါ ညှင်သာပါ့မယ်နော်.."
မျက်နှာလေးကို ညှိုးငယ်ကာ ရိပေါ်က ပြောလိုက်တော့"ညကမှ ပြီးတာကို နောက်တစ်ခါဖြစ်ဖို့ စဉ်းစားနေသေးတယ်..ဝမ်ရိပေါ် မကောင်းတဲ့အကောင်..."
"ဟား.ဟား..ညက သူပဲ ကောင်းတယ်ဆိုပြီးတော့.."
"ရား...ဝမ်ရိပေါ်...!!"
ရှောင်ကျန့် ရှက်ကာ ရိပေါ် ဗိုက်ကြောကို လိမ်ဆွဲလိုက်လေသည်"အား..အား..ကိုကို..ဘာလဲ ကောင်းတယ်ပြောတုန်းက ပြောပြီးတော့.ခုကြတော့ လိမ်ဆွဲတယ်..တော်ပြီ..နောက်တစ်ခါ ကိုကိုနဲ့ မလုပ်တော့ဘူး..."
ရိပေါ် ပြောလိုက်တော့
"ဘာ..ငါနဲ့ မလုပ်ဘဲ ဘယ်ကောင်မနဲ့ လုပ်ချင်နေတာလဲ...ပြော. ပြောစမ်း.."
ပြောလည်း ပြော ဗိုက်ကြောလည်းလိမ်ဆွဲနေတဲ့
ရှောင်ကျန့်ကြောင့် ရိပေါ် ထအော်ပါတော့သည်"အား..အား..ကြောက်ပါပြီ ကိုကိုရ.. စတာပါ..စတာပါ"
"ဟင်း..သတိထားနော်..နေအုံး..မင်းက first timeရောဟုတ်ရဲ့လား.."
YOU ARE READING
Your Special Coffee Cup☕️[Completed]
FanfictionWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...