Ep 25(final)

1.1K 72 0
                                    

Zawgyi

Ep 25

"စိတ်ပျက်လိုက်တာ!"
လူနာကုတင်ထက် လဲလျောင်းနေတဲ့ လူတစ်ယောက်ကို ကြည့်ပြီး  ရိပေါ်ပါးစပ်က ထွက်လာတဲ့စကားကတော့ စိတ်ပျက်လိုက်တာ တဲ့

ဒီလိုဆိုရင် မေးစရာမေးခွန်းရှိလာလိမ့်မယ်
ဘယ်သူ့ကို စိတ်ပျက်တာလဲ??
ကလေးကို ဖျက်ချခဲ့တဲ့ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားကိုလား
ကိုယ့်ကလေးကို သတ်ဖို့ကြံစည်တဲ့ လူသတ်သမားအနားကနေ တစ်ဖဝါးမှ မခွာနိုင်ဘဲ
ကပ်နေမိတဲ့ ကိုယ့်ကိုယ်ကိုလားပေါ့
ဒီ မေးခွန်းကို ကိုယ်တိုင်တောင် အဖြေမရှာတတ်ပါဘူး

အတွေးတွေနဲ့ ယောက်ယတ်ခတ်နေစဉ်
တစ်စုံတစ်ယောက်ကတော့ မျက်လုံးလေးတွေလှုပ်ခတ်နေပြီ
အော် ထိုသူ သတိရလာပြီပေါ့

"မောင်.."

သတိရလာလာချင်း ထွက်လာတဲ့စကားက
မောင်တဲ့လား၊ ခေါ်ပိုင်ခွင့်ရှိသေးရဲ့လားဆိုတာ
ခင်ဗျား မတွေးမိဖူးလား ရှောင်းကျန့်

"ကလေးကို မသတ်နိုင်လိုက်တော့ မပျော်တော့ဘူးမို့လား ရှောင်းကျန့်"

ခု ကြားလိုက်တာ နားကြားများ မှားသွားတာလား
မောင်က ဘယ်လိုစကားမျိုးတွေပြောလိုက်တာလဲ
ကလေးကို ကိုကိုသတ်တာ မဟုတ်ပါဘူးကွာ
မောင့်စကားအရဆို ကလေးလေးကို မထိခိုက်ဘူးပေါ့
ကိုကို ယုံကြည်ခဲ့သားပဲ မောင်က မောင့်ကလေးကို
ရအောင်ကယ်မယ်ဆိုတာ
ပြီးတော့ အရမ်းလည်း ချစ်တယ် မောင်

"ဘာတွေပြောနေတာလဲ မောင်"

"ရူးချင်ယောင်ဆောင်မနေပါနဲ့ ၊ဒီပုံစံက ခင်ဗျားနဲ့မလိုက်ဘူး"

"မောင် ကိုကိုရှင်းပြပါရစေ"

"တော်လိုက်တော့ ခင်ဗျားရဲ့စကားတွေ မကြားချင်ဘူး "

ချစ်တာက သပ်သပ် မယုံကြည်တော့တာက သပ်သပ်ပဲ
ခင်ဗျားကိုချစ်တဲ့စိတ်ကြောင့် စုံလုံကန်းသွားတဲ့ထိတော့
ကျွန်တော်ဆိုတဲ့ကောင်က မရူးမိုက်သေးဘူး
"မင်း ကလေးကို လွယ်ထားရတာ စိတ်မသက်သာလိုက်တာ ၊ငါက ယောက်ျားလေးတစ်ယောက် ဖျက်ချချင်ရင် ဖျက်ချမှာပဲ"ဆိုတဲ့
ခင်ဗျားရဲ့ စကားတွေက နားထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ
အနိုင်လိုချင်လို့ ပြောမိပြောရာ ပြောတဲ့စကားတွေလို့ထင်ခဲ့မိတာ အခုတော့.......

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Sep 05, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

Your Special Coffee Cup☕️[Completed]Wo Geschichten leben. Entdecke jetzt