Chapter 1(unicode)

21.7K 1K 18
                                    

omega တွေဆို ဘာလို့ လူတွေကနှိမ်ကြတာလဲ....

Alpha တွေကိုပဲ လူလို့သတ်မှတ်ကြတာလား
Beta တွေကိုပဲ လူရာသွင်းကြတာလား
ဘာလို့ omega တွေဆို သူတောင်းစားတွေကိုကြည့်သလိုကြည့်ကြတာလဲ... ဒီ ကမ္ဘာ ပေါ်မှာ omega တစ်ယောက်အနေနဲ့မွေးဖွားလာတာ ကံဆိုးတာလား... ?

မဟုတ်ဘူး omega တွေလဲလူပဲ တခြားလူတွေ လူရာမသွင်းတဲ့ အထင်သေးကြတဲ့ omega လူတန်းစားကို အထင်မသေးရဲအောင် လုပ်ပြချင်တယ်. omega တွေလဲ အခွင့်ထူးခံရသင့်တယ်ဆိုတာ သက်သေပြချင်တယ်.

Alpha လူတန်းစားတွေကို မမုန်းပါဘူး ဒါပေမဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ လူတွေကိုမုန်းတယ် omega တွေ ဆိုတာ alpha တွေအတွက် ကလေးမွေးပေးဖို့နဲ့ သူတို့ရဲ့ စိတ်ဖျော်ဖြေမှုအတွက်ပဲသုံးတာကိုလဲမုန်းတယ်....

ကျနော် ယွင်ပေါင် က omega တွေအတွက်တရားမျှတမှု ရအောင်လုပ်ပေးနိုင်ရမယ် လို့ တွေးထားတယ်။ ကျနော့်ကိုယ်ကို omega မှန်းစသိတာ ကျနော်၇ နှစ်သားအရွယ်ကတည်းကပဲ
စသိကတည်းကလဲ ကိုယ့်ကိုကိုယ်စိတ်မပျက်မိဘူး
ကျနော်နေခဲ့တဲ့ပတ်ဝန်းကျင်မှာ omega တွေ အနိုင်ကျင့်ခံရတာ အထင်သေးခံရတာတွေမြင်ခဲ့ရတယ်

omega တွေက အားနဲပြီး အင်အားမရှိတဲ့ မျိူးနွယ်တခုပဲဆိုတာကို ကျနော်ချိူးဖောက်ခဲ့တယ်
ကျနော် တားဆေးတွေပုံမှန်သောက်ပြီး ကျနော့် ခန်ဒါကိုယ် ကိုလဲသန်မာအောင် လုပ်ခဲ့တယ် ဒါပေမဲ့ Alpha တွေလောက်တော့ ဗလတွေ six packs တွေသိသိသာသာဘယ်ရှိမလဲ ကျနော်က မွေးလာကတည်းက omega ဆိုတာသတ်မှတ်ပြီးသားဆိုတဲ့အတိုင်း အသားဖြူဖြူ နဲ့ မိန်းကလေးတယောက် လို မွေးဖွားလာတော့လဲ....

"ယွင်အာ တကယ် အိမ်ခွဲနေတော့မှာလား "

" ဟုတ်တယ် မာမီ "

"သား fans တွေနဲ့အဆင်ပြေပါ့မလား သားအိမ်အထိ လိုက်လာတာတွေဆို သားရပါ့မလား မာမီတို့နဲ့ပဲနေပါသားရယ် "

ကျနော်ကအခုဆို နာမည်ကျော် အဆိုတော် တယောက်ဖြစ်နေပြီ...

omega တွေကို လူရာမသွင်းကြတဲ့ အသိုင်းအဝိုင်းမှာ ကျနော်က နာမည်ကြီးအောင် ပထမခြေလှမ်းအနေနဲ့စတင်လုပ်နိုင်ခဲ့တယ်...
လုပ်နိုင်ခဲ့တယ်ဆိုတာထက် လုပ်ခဲ့တယ်ပေါ့
ကျနော့်အဖေက T မြို့ရဲ့ အချမ်းသာဆုံးစာရင်း Top 10 ထဲက တယောက် ဖြစ်ပြီး အဖေပိုင်တဲ့ club တွေ agency တွေလဲများတော့ ကျနော့်ကို အဖေ့မျက်နှာနဲ့ audition မှာရွေးခဲ့တယ်ဆိုလဲမမှားဘူးပေါ့...

My Omega is very cute but scary.(Completed) Where stories live. Discover now