Chapter 30(Unicode)

3.6K 300 18
                                    

ယွင်အာ ဒါကို့ရဲ့ ပထမဆုံးအကြိမ် ရေးတဲ့ ဒိုင်ယာရီလေးပဲဖြစ်မှာပါ...ကိုပါးစပ်ကပြောမထွက်ခဲ့တာတွေ ဒီ ဒိုင်ယာရီလေးထဲမှာပဲ ကိုရေးလိုက်မယ်စိတ်ကူးထားတယ်။

ဒီနေ့ ကို့ညီမ ဝမ်းကွဲ နဲ့ တိုင်ပင်ဖြစ်တယ်။ ကိုကိုနဲ့ ခဏ တွဲပေးဖို့ပေါ့....

ကိုကိုနဲ့ ရှောင်မေကမောင်နှမဝမ်းကွဲတွေလေ...

ဘာလို့ ကိုသူနဲ့တွဲလဲဆိုတော့ အကြောင်းအရင်းတစ်ခုကြောင့် ပေါ့....

မှတ်မိသေးလားယွင်အာ..... ယွင်အာ heat တတ်ပြီး Alpha ကောင်တွေရဲ့ ထိပါးတာခံရတော့မဲ့ည ကို...

ယွင်အာ ၂ ရက်လောက် မေ့နေခဲ့တာလေ....

ယွင်အာ မေ့နေတဲ့ရက်မှာ ယွင်အာ့မိဘတွေနဲ့ ကိုနဲ့ တွေ့ဖြစ်တယ်...

သူတို့က ကိုကိုနဲ့ ယွင်အာ တွဲတာသိသွားတာလေ...

သူတို့ကပြောတယ်...ယွင်အာကအဆင့်မြင့် omega ဖြစ်တာမို့ ယွင်အာ့ရဲ့ မိတ်ဖက်ကိုလဲ Dominant Alpha ပဲဖြစ်စေချင်တယ်တဲ့....

ကို့ကို ချက်ခြင်းလမ်းခွဲပေးပါပြောတာတော့မဟုတ်ဘူးပေါ့ကွာ...ဒါပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ကို့ကို နောက်ဆုတ်စေချင်တာ ကိုသိတာပေါ့....

ကိုကိုသိပါတယ်...ကိုကိုက ယွင်အာ နဲ့ မသင့်တော်ဘူးဆိုတာ....ကိုကို့လိုသာမာန် beta တစ်ယောက်က ယွင်အာ့ရဲ့ pheromone ရနံ့ကို အသုံးမချတတ်ဘူးလေကွာ....

ကိုကို့ကိုလန်ရှီကလဲပြောတယ်.... ယွင်အာက Dominant Alpha ကောင်လေးနဲ့ မှသင့်တော်တာတဲ့...

သူများပြောလို့ ကိုကို ယွင်အာ့ကိုလက်လွတ်ခဲ့တာမဟုတ်ပါဘူး...တကယ်လဲ ကိုကိုသိပြီးသားပါ ကိုကိုကယွင်အာနဲ့ မတန်တာကို....

ယွင်အာ မေ့နေတဲ့ နှစ်ရက်လုံးကို အန်ကယ်နဲ့ အန်တီက ကို့ကိုခေါ်ပြောကြတယ်လေ...ကိုကိုအရမ်းဝမ်းနဲရတယ် ယွင်အာရယ်.....

ယွင်အာ့ရှေ့မှာ တခြားလူနဲ့ ရီမောနေရတာ ပင်ပန်းတယ် ကွာ.......

ကမ်းခြေမှာကတည်းက ကိုကိုယွင်အာ့ကို ရှောင်နေခဲ့တာ ကိုကိုလန်ရှီနဲ့ ဖောက်ပြန်နေလို့မဟုတ်ရပါဘူး....

My Omega is very cute but scary.(Completed) Where stories live. Discover now