Chapter 22(Zawgyi)

1.9K 92 2
                                    

ယွင်အာ အအေးခွက်ကို စားပွဲပေါ်သို့ အေးအေးလူလူပြန်တင်လိုက်သည်။ ရုတ်တရက်သူတို့ အခန်းထဲတွင် Aircon မှာ လျော့လိုက်လေသလားထင်ရလောက်ပင် အလွန်တရာ အေးစက်သွားရသည်။ သူတို့အကုန် ကြက်သီး ဖြန်းဖြန်း ထကာ လက်တွေကိုပွတ်သပ်နေလိုက်ကြသည်။ ချက်ခြင်းဆိုသလိုပင် သူတို့နှာခေါင်းထဲသို့ စံပယ်ရနံ့ခပ်စူးစူးတစ်ခုရလိုက်ပြီး သူတို့ကျောရိုးတွေပါမတ်သွားရသည်။ တဖြေးဖြေးနဲ့ထိုစံပယ်ရနံ့က သူတို့ pheromone တွေကိုဝါးမြိုနေတာကြောင့် ထိပ်တွင်ထိုင်နေသော ကောင်လေးနှစ်ယောက်ဆီသို့ကြည့်လိုက်ကြသည်။

pheromone ရနံ့မှာ မွှေးပြန့်ပြီး ချိုမှိန်လှတာကြောင့် omega pheromone ဆိုတာ မမှားပေ။ သို့ပေမဲ့ ထိုသင်းပျံ့ပြီး ချိုအီလှတဲ့ ရနံ့ကြောင့် Alpha တွေမှာ စိတ်ကြွခြင်းမဖြစ်ပဲ မလှုပ်ရဲ ဖြစ်နေရသည်ကို အံ့သြနေကြသည်။ Mr. Theo ကိုကြည့်လိုက်တော့လဲ အအေးခွက်ကိုကိုင်ကာ အေးဆေးသောက်နေပြီး သူ့ထံမှာလာတဲ့ pheromone မဟုတ်တာတော့ သေချာသည်။ Mr. Theo က Dominant Alpha ဖြစ်တာကြောင့် သူ့ရဲ pheromone တွေက တဖက်လူကိုဒူးထောက်ကျစေနိုင်သည်။ ယခု ရနံ့မှာမူ လှုပ်တောင်မလှုပ်ရဲ...သူတို့အဖြစ်မှာ ရှေ့တွင် ရှိသော မွှေးပျံ့လှသော မုန့်တစ်ခုကိုတွေ့လို့ စားချင်သော်လဲ ထိုမုန့်မှာ အပ်တွေစိုက်ထားသလို ကြောက်စရာကောင်းပြီး မထိရဲကြချေ။ Lucy ကတော့ အခန်းထဲမှ အခြေအနေကို သိသော်လဲ သူက beta ဖြစ်တာမို့ သူမအတွက် ဘာမှမဖြစ်ပေ။ ယခုသူမသိသွားတာတော့ Asher ဆိုတဲ့ CEO ကောင်လေး မှာ တော်ယုံ omega တယောက်မဟူတ်တာကိုပင်။

ယွင်အာက သူတို့အရိပ်အခြေကိုကြည့်လိုက်ပြီး....

" ကျနော့်အကြောင်းစိတ်ဝင်စားကြတယ်မလား... အလုပ်ထက်.."

ပွင့်ဟလာသော နှုတ်ခမ်းအစုံမှ ထွက်ကျလာသော စကားလုံးများနှင့်အတူ စံပယ်ရနံ့ စူးစူး ပါ ပါဝင်တာကြောင့် သူတို့ နားထဲတွင် သာယာမနေပဲ ပြင်းထန်နေသလို ဖြစ်နေသည်။ ယွင်အာ့အပြောကိုပင်ပြန်မဖြေ နိုင်ကြတာကြောင့်.....

" ကျနော်က ဒီမှာ အလုပ်သင် သုံးလ လုပ်ပြီး ဒယ်ဒီက အသိအမှတ်ပြုလို့ ဒီကိုရောက်လာတာ...ပြီးတော့ ဒီကလူကြီးမင်းတွေ တွေးနေထင်နေသလို omega ဖြစ်တိုင်းအားနွဲ့ရတယ်ဆိုရင် ကျနော် အလုပ်သင်တုန်းက ဂျက်စက္ကူဘုံး တွေ မ ခဲ့ရတာကိုပြလိုက်ချင်ပါရဲ့......ပြီးတော့ ကျနော်ကရိုးရိုး omega မဟုတ်တာ လူကြီးမင်းတို့အခုသိလောက်ပြီထင်တယ်...အဲ့တော့ ကျနော်နဲ့ အလုပ်ဆက်တွဲလုပ်ချင်တဲ့လူကြီးမင်းများက နေခဲ့ မလုပ်ချင်ဘူးဆိုတဲ့ လူကြီးမင်းတွေကတော့ တံခါးကနေထွက်သွားနိုင်တယ်....

My Omega is very cute but scary.(Completed) Hikayelerin yaşadığı yer. Şimdi keşfedin