Chapter 6(Zawgyi)

3K 174 1
                                    

" သားရယ် မျက်နှာမှာလဲ ဖူးယောင်နေတာပဲ..... ဘာလို့ပြသနာရှာရတာလဲ ယွင်အာ..မာမီ့ကိုစိတ်ပူပြီးသေစေချင်နေတာလား..မင်းအကိုသာအချိန်မှီမရောက်လာရင် မတွေးရဲစရာပဲ.."

" သား မသေဘူးလေမာမီရဲ့ "

" မင်းစကားကိုဘယ်လိုပြောနေတာလဲယွင်အာ...မာမီကစိတ်ပူလို့ပြောနေတာလေ ...မင်း ဘာလို့ pheromone တွေထုတ်လိုက်တာလဲ ဟိုက ၃ ယောက်ဆို. စစ်ရင်သာမလာရင် သူတို့သေနေလောက်ပြီ..သူတို့ကိုသေစေချင်တာလား.."

"omega တွေကိုအထင်သေးနေတာလေသူတို့က သားကိုလဲလာထိတာကို မာမီကလဲ.."

" ဒါတော့ဒါပေါ့သားရယ် စိတ်ထိန်းမှပေါ့.. နောက်ရှောင်မရတဲ့ ကိစ္စ ဆို သားအကို ကိုစောင့် သူနဲ့မှသွား.. "

ယွင်အာတို့သားအမိ ရဲ့စကားဝိုင်းကိုဘေးမှနားထောင်နေသော စစ်ရင်မှာ နားလည်တဝက် နားမလည်တဝက်နှင့်....

" လာ...မာမီဆေးလိမ်းပေးမယ်..."

" အာ...မာမီမလိမ်းနဲ့ အကိုရင် လိမ်းပေးလိမ့်မယ်..မာမီလိမ်းရင် နောက်တနေ့တောင်ပြီးမှာမဟူတ်ဘူး.. အကိုရင် လာ.သွားမယ် "

စစ်ရင်လက်ကိုဆွဲပြီး တဖက်ကလဲ သူ့အမေလက်ထဲမှ ဆေးဘုံး ကိုကိုင်ကာ အခန်းထဲပြေးဝင်သွားလေသည်။ ကုတင်ပေါ်တွင် ပစ်လဲလိုက်ပြီးနောက်..

" အကိုရင်. ကျနော့်ကိုမေးစရာရှိနေတယ်မလား.."

" ယွင်အာ... နောက်တခါ ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ပါနဲ့ကွာ "

စစ်ရင် ယခုချိန်မှာ ဘာမှမမေးချင်...သူ့ရှေ့မှာ ဒဏ်ရာ ဗလပွ နဲ့ကောင်လေးကြောင့်သူရင်တွေနာရသည်။ သူဒီထက်စောစောလာလိုက်ရမှာ...

" ကျနော် အဆင့်မြင့် omega တယောက်လေ... ကျနော်မွေးကတည်းက omega မှန်း သိကြတာ.. မူလတန်းမှာ ကျနော်မွေးထားတဲ့ ခွေးလေးကို အဆိပ်ခတ်သတ်လိုက်တာမြင်တော့ pheromone တွေ ပြင်းပြင်းထွက်လာပြီး အဆင့်မြင့် omega မှန်းသိလိုက်ကြတာ. ပြီးတော့ အဲ့ pheromone တွေ ထုတ်လိုက်ပြီး တရက်အတွင်း တားဆေးသောက်ရတယ် မသောက်ရင် ကျနော် heat cycle ဝင်သွားနိုင်တယ်တဲ့..အခုထိတော့မဖြစ်ဖူးသေးဘူး. heat cycle က အသက် ၁၈ လောက်မှ ဖြစ်မှာတဲ့.."

My Omega is very cute but scary.(Completed) Where stories live. Discover now