Chapter 14(Unicode)

3.9K 377 0
                                    

UK  ကို ရောက်တော့ ယွင်အာ့ အဖေကအလုပ် ကိစ္စ အတွက် လေဆိပ်ကနေပဲ လာခေါ်တာကြောင့် ယွင်အာ့ကို မှာစရာရှိတာတွေမှာကာ ယန်ဝမ်ကိုတော့ခေါ်သွားလေသည်။ ယွင်အာ့ အမေရဲ့ ညီမဝမ်းကွဲ အန်တီလင်း က ကလေးထိန်းကျောင်းမှာ အချိန်ပြည့် အလုပ်ဝင်ရတာကြောင့် လာမကြိုနိုင်ပေ။ သူ့သော် သူမ၏ သား ကို လာကြိုခိုင်းလိုက်သည် လို့တော့ သိထားတာကြောင့် ယွင်အာ သူ့နာမည် စာရွက်ကို ရှာလိုက်သည်။ ထိုစဥ် ရုတ်တရက် သူ့ပခုံးကို လာပုတ်တာကြောင့် နောက်လှည့်ကြည့်လိုက်သည်။

" အကိုယွင်အာ မလား ကျနော်က အားယု ပါ။ အန်တီလင်းရဲ့သား... အကို့ကိုလာကြိုတာ.."

" အော်... အကိုတောင်ရှာနေတာ... အားယုက တော်တော်တောင်အရွယ်ရောက်နေပြီပဲ..."

" ဟူတ် မေမေကတော့ ပြောတယ် အားယု ၃ နှစ်တုန်းက အကိုတို့ လာဖူးတယ်တဲ့ ကျနော်ကငယ်သေးတော့ မ မှတ်မိတော့တာ.."

" အေးပေါ့ အကိုကတော့ မှတ်မိပ အားယု လေးကို...."

" ဟီး ဒါဆို အိမ်သွားကြမယ် အိမ်မှာ မေမေတော့ မရှိဘူး ညတော့စောစောလာမယ်ပြောတယ်.."

" အင်း..အကိုလဲ နားချင်နေပြီ..သွားကြတာပေါ့ "

" အော်..အကိုဘာစားပြီးပြီလဲ."

" လေယာဥ်ပေါ်မှာစားလာတယ် အားယု.. "

" ဟုတ်.."

အားယု အိမ်ကို ရောက်တော့ ယွင်အာလဲ ခရီးပန်းတာကြောင့် ယွင်အာသူ့အမေဆီရောက်ကြောင်းဖုန်းဆက်ပြီး တရေးတမော အိပ်လိုက်သည်။

အိပ်ယာကနိုးတော့ အန်တီလင်း က ပြန်တောင်ရောက်နေပြီ။ အန်တီလင်းက အရမ်းသဘောကောင်းပြီး ယွင်အာ့ကိုလဲ ချစ်ပြီး အရမ်းလဲဂရုစိုက်သည်။ ဒါကြောင့် အန်တီလင်းကိုတွေ့တာနဲ့ ယွင်အာ ပြေးဖက်လိုက်သည်။

" တီလင်း...ယွင်အာ လွမ်းနေရတာ.."

" အမလေး ..ယွင်အာလေးက.တီဗီထဲကအတိုင်းပဲ ချောလိုက်တာ..လာလာထိုင်..တီလင်းက သားအိပ်နေလို့ စောင့်နေတာ.. ခဏနေ တီလင်း အလုပ်ပြန်သွားရမှာမို့လေ.."

" ..ဘာလို့ ညအထိတောင်မနားရတာလဲ "

" တီလင်း က ခေါင်းဆောင်လေ ခေါင်းဆောင်ကစပျက်ရင် ကျန်တဲ့လူတွေပါပျက်မှာပေါ့ သားရဲ့.....  တီလင်း ခွင့်ယူထားပါတယ် ဟောဒီကမင်းသားလေးနဲ့ တနေကုန် အချိန်ဖြုန်းပြီး မုန့်တွေပတ်ကျွေးဖို့.. "

My Omega is very cute but scary.(Completed) Opowieści tętniące życiem. Odkryj je teraz