Chapter 20(Unicode)

3.7K 359 3
                                    

အလုပ်သင်ဘဝကနေစရတဲ့ ပိုင်ရှင်သူဌေးကြီးရဲ့သား တယောက်ကိုပြပါဆိုလျှင် ယွင်အာ့ ကိုယ့် ကိုယ် ကိုပဲ လက်ညိုး ထိုးရမည်။ မနက်နိုးတော့ ယန်ဝမ် က အလုပ်ကိုလိုက်ပို့ပေးခဲ့ပြီး သူကတော့ ကွန်ဒို ခဏပြန်သွားသည်။ ယွင်အာ့ကို အလုပ်ကလူတွေက CEO ရဲ့ သားမှန်းမသိပဲ သာမာန် omega အလုပ်သင်တယောက်လို့သာ သိကြသည်။ စစချင်းနေ့မှာပဲ ယွင်အာ့ကို စာရင်းစစ်ခိုင်းလိုက် design ဆွဲခိုင်းလိုက်နဲ့ .... တော်သေးတာပေါ့ ယန်ဝမ် နဲနဲသင်ပေးထားလို့..မဟုတ်ရင် အလုပ်စဝင်တဲ့နေ့မှာပဲ ပြုတ်မှာ..

တချိူ့ကျတော့လဲ ရုပ်ချောချော omega ကောင်လေးဆိုပြီး ခင်ကြပေမဲ့ တချိူ့တွေက အားနဲ့တဲ့ ကောင်တွေဆို အနိုင်ကျင့်မယ်ဆိုတဲ့ ဗီဇ အတိုင်း အလုပ်သင်ကိုအာဏာ တွေ ပါဝါတွေ ပြကြတာလဲရှိသေးသည်။ ပထမနေ့မှာပဲ Lucy ဆိုတဲ့ Beta အမကြီးနဲ့ခင်မင်ကြပြီး Wechat တွေပါ add လိုက် သေးသည်။ ပင်ပန်းလွန်းလို့ ညက ပျော်စရာကိစ္စလေးပါ ပြန်မတွေးနိုင်.။နေ့လည်စာကိုလဲ ရုံးက ကန်တင်းမှာပဲဖြစ်သလိုစားလိုက်ရသည်။ မင်းသားလုပ်ခဲ့တာကိုတောင် သတိရချင်သွားသည်။ နေ ၄ နာရီ ထိုးခါနီးတော့ ယွင်အာ က ပစ္စည်းတွေသိမ်းပြီး ရုံးဆင်းရန်ပြင်နေခိုက်...

" Asher ... မင်းကရုံးဆင်းတော့မလို့လား.."

Asher ဆိုတာ ယွင်အာ့ရဲ့ English name ဖြစ်ပြီး
ပျော်ရွှင်ခြင်းနဲ့ကောင်းချီးပေးခြင်း သဘောကိုဆောင်သည့် အဓိပ္ပါယ်ဖြစ်သည်။

" ဟုတ် ပါတယ်.."

" ဘယ်အချိန်ရှိသေးလို့ရုံးဆင်းမှာလဲ."

" ဗျာ..၄ နာရီ ထိုးတော့မယ်လေ.."

" ၄ နာရီ ဆိုတာ ဒီအတိုင်းသတ်မှတ်ထားတာ... ဒီမှာ မန်နေဂျာဖြစ်တဲ့ငါတောင်မပြန်သေးဘူး အကြီးအကဲတွေပြန်မှ နောက်လိုက်တွေပါပြန်ရမှာ နားမလည်ဘူးလား.."

" ဟူတ်လား...နားမလည်ဘူး.."

" အခုနားလည်ပြီမလား...ငါပြန်မှ မင်းပါပြန်ရမယ်."

" ...... "

Victor ဆိုတဲ့ မန်နေဂျာ ဘဲကြီးက ယွင်အာ့ကို ဟဝင်လာကတည်းကအမြင်မကြည်...ဘာလို့လဲတော့မသိ... ပထမဆုံးနေ့ဆိုတော့ စကားနားထောင်လိုက်တာအကောင်းဆုံးမို့ ယွင်အာ သူ့နေရာမှာသူပြန်ထိုင်လိုက်သည်။ ခဏနေတော့ ကိုယ်စီကိုယ်စီ အထုပ်တွေ သယ်ပြီး အိမ်ပြန်သွားကြတာမြင်တော့ ယွင်အာလဲ လိုက်ပြန်ရမလား မပြန်ရမလား တွေးနေရင်း Lucy က သူ့နားရောက်လာပြီး..

My Omega is very cute but scary.(Completed) Kde žijí příběhy. Začni objevovat