Chapter 19(Unicode)

3.8K 370 9
                                    

ယန်ဝမ့်ကိုသွားခေါ်မည်ဆိုပြီး ယွင်အာ ထွက်သွားတာကြာလှပြီမို့ မိန်းမိန် ဘာဖြစ်လို့လဲ သိချင်တာကြောင့် အပေါ်ထပ်ကို တတ်ကြည့်လိုက်သည်။ အရင်ဆုံး ယွင်အာ့ အခန်းဖြစ်ဟန်တူသော အခန်းကို ကြည့်တော့ ဘယ်သူမှရှိမနေ... နောက်ထပ်အခန်းတခု နားရောက်တော့ မိန်းမိန် သူရခဲ့ဖူးတဲ့ pheromone အနံ့နှစ်ခုကိုရောယှက်စွာရလိုက်တာကြောင့် စိုးရိန်မိသွားသည်။ အခန်းနားတိုးကပ်လေလေ တံခါး အောက်ကနေ ထွက်ပေါ်လာတဲ့ pheromone အနံ့တွ​ေ ပိုခံစားလေဖြစ်တာကြောင့် မိန်းမိန် ရင်တွေပါ တုန်လာသည်။ အခန်းတံခါးနားရောက်တော့ တံခါးမခေါက်သေးပဲ တံခါးနားကနေ နားကပ်ကာ အထဲကစကားသံကို နားစွင့်လိုက်တော့ မိန်းမိန် အော်သံမထွက်မိစေရန် လက်နှင့်ပါးစပ်ကို ပိတ်လိုက်သည်။ သူ့လက်တွေလဲ တုန်ယင်နေသည်။

မိန်းမိန် တံခါးကို ခေါက်လိုက်တော့ အထဲက စကားပြောသံတွေပျောက်သွားပြီး pheromone တွေပျံ့နှံ့မှုလဲလျော့သွားသည်။ တံခါးလာဖွင့်တာကယန်ဝမ်ဖြစ်တာမလို့ မိန်းမိန် အခန်းထဲသိူ့မျက်လုံးဝေ့ကြည့်လိုက်သည်။

" ဘာလုပ်တာလဲ ဧည့်ခန်းမှာ မနေပဲ ဘာလို့အပေါ်တတ်လာတာလဲ..."

" ဟို...ဟိုလေ...ယွင်အာအပေါ်တတ်သွားတာကြာလို့ ပြန်လဲဆင်းမလာတာနဲ့ ညီမ စိတ်ပူလို့ လိုက်လာမိတာပါ.."

" ဒါသူ့အိမ်လေ...သူ့ဘာသာ ဘာလုပ်လုပ်ပေါ့..မင်းက ဧည့်သည်..ဧည့်ခန်းမှာပဲ သွားထိုင်နေသင့်တယ်.."

" ညီမ အကို့အတွက် sandwich ယူလာတာ အဲ့တာ.."

" samdwich မကြိုက်လို့ အားယု တို့ကိုပဲ ပေးလိုက်ပါ..အခုတော့ ဧည့်ခန်းထဲ ပဲ ပြန်သွားလိုက်ပါ..မဟူတ်လဲပြန်တော့..."

ယန်ဝမ် ပြောဆိုပြီး တံခါးကိုပိတ်လိုက်လေသည်။  အကောင်းခန်းရောက်မှ ဖျက်ဆီးခံလိုက်ရတာကြောင့် သူစိတ်တိုသွားသည်မှာတော့အမှန်ပင်။ တံခါးခေါက်သံကြားလိုက်တော့ ယွင်အာကလဲ အလန့်တကြားနဲ့ ယန်ဝမ်ကို တွန်းထုတ်တာကြောင့် ယန်ဝမ်လဲ လွှတ်ပေးလိုက်ရပြီး ယွင်အာ ကတော့ တိုးတိုးတိုးတိုးနှင့် နှုတ်ခမ်းပေါ် လက်ညိုးတင်ကာ အိမ်သာသို့ပြေးဝင်သွားလေသည်။ မိန်းမိန်ဖြစ်မယ်လို့ ယန်ဝမ် မထင်မိခဲ့။ အားယု အိမ်ပြန်ရောက်လာသည်ပဲထင်မိတာ.. ခုလို မိန်းမိန်က အခန်းထဲထိ လိုက်လာရဲတဲ့ သတ္တိရှိမယ် မထင်မိခဲ့...

My Omega is very cute but scary.(Completed) Donde viven las historias. Descúbrelo ahora