Chapter 7(Unicode)

5.6K 610 9
                                    

အလုပ်ဆိုလျှင် ပြီးအောင်လုပ်ပြီးမှ နားတတ်သော သခင်လေးအား လန်ရှီ  အံ့သြပြီးအံ့သြနေသည်။
မနေ့ကလဲ သူများအိမ်မှာ မောင်းထုတ်ခံရတာတောင် ငူတူတူကြီးဖြစ်နေခဲ့သည်မလား...
ယခုလဲ ဒီနေ့ပင်ပန်းနေတယ် ဆိုတာကြောင့် schedule များကို ပထမဆုံး အကြိမ်ဖျက်လိုက်ဖူးပြီ။

မနက်စာစားရင်းလဲ ဘာစကားမှမပြောပဲ စားစရာရှိစားပြီး အခန်းထဲပြန်ဝင်သွားသည်။ လူကိုကြည့်တော့လဲပင်ပန်းနေပုံတော့မပေါက်ပါဘူး....
ညက ယန်ဝမ့်အိမ်တော်ရောက်တဲ့အချိန် တော်တော် နောက်ကျနေတာကြောင့် လန်ရှီ့ကို အိမ်တော်မှာပဲ အိပ်ခိုင်းလိုက်ခြင်းဖြစ်သည်။
.........................

ယန်ဝမ် ညကအကြောင်းများကို ယခုချိန်ထိခေါင်းထဲကဖျောက်လို့မရနိုင်သေး....

' အဆင့်မြင့် omega တဲ့လား... ဒါကြောင့်သူ မကြောက်မရွံ ဖြစ်နေတာကို... သူ့ကို ပွဲတွေမတတ်တာ alpha တွေ နှောင့်ယှက်မှာစိုးလို့မဟုတ်ပဲ သူ့စိတ်သူမထိန်းနိုင်မှာစိုးလို့ကိုး... '

.ထိုနေ့ည က လဲ့လဲ့ ပြသနာပြီးသွားတော့......

" ယွင်အာ....ကို့ကိုကြည့်... မင်းအဆင်ပြေရဲ့လား.."

ယွင်အာ့ကို လူရှင်းတဲ့ နေရာအထိခေါ်သွားလိုက်သည်။ မဟူတ်လျှင် လူတိုင်းအာရုံက သူတိူ့ပေါ်ပဲရောက်နေမှာလေ။

" ဟူတ်.... ယွင်အာ အဆင်ပြေပါတယ်..."

'ဒါမပြေတာပဲ...သူ့ကိုယ်သူ ယွင်အာလို့မှမပြောဖူးတာ....ဒါမပြေနေတာပဲ..'

" ကို တို့ပြန်ကြမယ်လေ.."

" မပြန်ပါဘူး ဒီမှာပျော်စရာကြီးပါဆို "

" ယွင်အာ .... ခုနကပြောတာ အဆင့်မြင့် omega ဆိုတာလေ... တကယ်လား.."

" အင်းလေ...ယွင်အာက အဆင့်မြင့် omega... ယွင်အာ့ pheromone က alpha တယောက်ကိုတောင် သတ်နိုင်တဲ့အထိဖြစ်နိုင်တယ် ..."

သွေးအေးလူသတ်သမားလို တည်ငြိမ် ပြီး ပြောလာတာကြောင့် ယန်ဝမ် ကြက်သီးထသွားရပြန်သည်။

" ကဲ အခုတော့ကိုတို့ပြန်ကြမယ်နော်..မိုးလဲချူပ်နေပြီဆိုတော့လေ... "

My Omega is very cute but scary.(Completed) Where stories live. Discover now