Chapter 2 (Unicode)

8.8K 752 3
                                    

" မင်းဒီနေ့ ကြည့်လို့ပြီးမှာလား "

" ဟင်...အော်...အဆင်ပြေရဲ့လား ခင်ဗျား "

" ပြေနေတဲ့ပုံပေါက်လို့လား "

" အာ...မပြေဘူးပဲ.... ဒီမှာရှိနေတာဆိုတော့ stars ရဲ့ဝန်ထမ်းမလား အထဲဝင်ပြီး တခုခုလဲစရာတောင်းပေးပါ့မယ်.. လာ..လာ."

သူပြောချင်တာတရစပ်ပြောပြီး လက်ကိုကိုင်ဆွဲခေါ်သွားတဲ့ ဖြူဖြူအုအုကောင်လေးကို စိတ်ထဲရှိတဲ့အတိုင်းလုပ်ရမယ်ဆို ဒင်းတစစီဖြစ်နေလောက်ပြီ ယန်ဝမ် ဆိုတဲ့လူကို လက်မပြောနဲ့ အဝတ်အစားတောင် ဘယ်သူမှထိရဲတာမဟုတ်ဘူး အဲ့တာကို ဒီကောင်လေးက.

" သခင်လေး......"

" ယွင်အာ...."

မန်နေဂျာ နှစ်ယောက်လုံး သူတိူ့သက်ဆိုင်ရာ လူသားတွေဆီ ရောက်လာကြပြီး အဖြစ်အပျက်ကို သိကြပြီးနောက် stars company ရဲ့ VIP အခန်းထဲရောက်ရှိသွားကြလေသည်။

..........................

'At VIP room'

'တိတ်ဆိတ်..'

အခန်းထဲမှာ ယန်ဝမ်နဲ့ ယွင်အာ နှစ်ယောက်တည်းရှိနေပြီး မန်နေဂျာတွေကတော့ အခန်းအပြင်မှာ စောင့်နေပေး ဆိုတဲ့ ယန်ဝမ့် အမိန့်ကြောင့် စစ်ရင်လဲ အပြင်ထွက်ပေးလိုက်ရသည်။ ကိုယ့် လူ ကမှားတာကို ဒီတော့လဲ သူတိူ့စကားနားထောင်ပေးရတာပေါ့။ မင်းသားကို ရေနစ်သတ်ပါတယ်ဆိုပြီး သတင်း မဖြန့်ပေးတာပဲ ကျေးဇူးတင်လှနေပြီ။
အခန်းထဲတွင်တော့...

" ဟို... ယန်ဝမ်လိမ့်....ကျနော် တောင်းပန်ပါတယ်...  ကျနော်ကခင်ဗျားမှန်းမသိဘူးလေ. ပြီးတော့ လေတိုက်တော့ မျက်လူံးထဲ ဖုန်ဝင်တာနဲ့ ခင်ဗျားကိုလဲမ မြင်ဘူးလေ ပြိးတော့ ခင်ဗျားက အဲ့မှာဘာရပ်လုပ်နေတာလဲ ကျနော်မ မြင်တာ ဖုန်ဝင်လို့လေ ခင်ဗျားကတော့ကျနော့်ကိုမြင်တယ်လေ ဘာလို့မရှောင်လဲ...ပြီးတော့ ကျနော့် ခန်ဒါကိုယ် သေးသေးလေးနဲ့ ခင်ဗျားကို တိုက်မိတာနဲ့ ရေထဲကျသွားရောလား... ခင်ဗျား.."

" ရေထဲတွန်းချခံရတာတော့ CCTV မှတ်တမ်းရှိတယ် ကြည့်ချင်လား "

ယန်ဝမ် စကားကိုရေဖက်မဝင်အောင်ပြောနေသော ကောင်လေးကို စိတ်ရှုပ်စွာနဲ့ ပြောလိုက်သည်။

My Omega is very cute but scary.(Completed) Tempat cerita menjadi hidup. Temukan sekarang