Chapter 18( Zawgyi)

2K 87 5
                                    

LaLaLanddo အမည်ရှိ ကော်ဖီဆိုင်သို့အားယု အပြေးသွားလိုက်သည်။ ဒီနေ့မှ မာမီက အလုပ် နောက်ကျကလဲရသည်ဆိုကာ ၁၀ နာရီကျမှ အိမ်ကထွက်တာကြောင့် အားယုချိန်းထားတာနှင့် နောက်ကျနေလေသည်။ သူ Leo ကို ၉ နာရီ ခွဲချိန်းထားတာဖြစ်သည်။ တော်သေးသည် LaLaLanddo Cafe' က အိမ်နဲ့နီးတာကြောင့် အားယု ပြေးရင် ၂ မိနစ် လောက်နဲ့ရောက်သွားသည်။ မျှော်လင့်ထားတဲ့အတိုင်း အကို Leo က ရောက်နှင့်နေသည်။သူ့ကိုတော့မြင်ပုံမရသေး...  အပြင် ကနေအထဲကိုလှမ်းမြင်ရတာကြောင့် အားယု အမောဖြေရင်း ငေးကြည့်လိုက်သည်။ မနက်က အားယု နိုးတာနဲ့ ကော်ဖီဆိုင်ကို နီးနီးနားနား ဆိုင်ပဲ sms ပို့လိုက်သည်။ ဒါသူတို့အတွက် Date တယ်ပဲခေါ်မလား...

အားယု ပုံမှန်ဝတ်နေကြအတိုင်း hoodie နှင့် ဒူးဖုံးယုံလောက်ဘောင်းဘီ ဝတ္ကာ လည်ပင်းမှာလဲ နားကြပ်ကိုပတ်ထားသည်။ အကို Leo နဲ့ဆန့်ကျင်စွာပင် သူကေတာ့  polo shirt နှင့် လိုက်ဖက်ညီစွာ pants အရှည်ကိုဝတ်ဆင်ထားသည်။ အားယု ဆိုင်ထဲကိုဝင်လိုက်တော့ သူ့ကိုတွေ့သွားတဲ့ Leo က နွေးထွေးတဲ့အပြုံးနဲ့ကြိုဆိုလိုက်သည်။

" အကို စောင့်ရတာကြာသွားရင်ဆောရီးပါ...ကျနော့်အမေ အလုပ်မသွားသေးတာနဲ့စောင့်နေတာ..အဲ့တာကြောင့်ပါ..."

" ရပါတယ် အကိုလဲရောက်တာမကြာသေးဘူးလေ....ဒါနဲ့ အားယု ပြေးလာတာလား..."

" ဗျာ..ဟုတ်... နောက်ကျနေတာနဲ့ပြေးလာတာ..."

" ချွေးတွေမှ ရွှဲလို့ ပြေးမလာလဲရပါတယ် အကိုစောင့်နိုင်တာပဲကို..."

" အားနာလို့ပါ..ကျနော်က ချိန်းလဲချိန်းသေးတယ်...နောက်လဲကျသေးတယ်.."

" ဘာမှမဖြစ်ဘူး... အားယု ဖြစ်နေလို့ ဘာမှမဖြစ်ဘူး... "

" ဗျာ.."

" တခုခုမှာလိုက်ဦး မစားရေသးဘူးမလား.."

" ဟုတ်... အကိုရော..."

" အကိုက Cappuccino မှာထားတယ်..."

" ကျနော်က Hot milk ပဲသောက်တော့မယ်.."

" ကော်ဖီဆိုင်လာပြီး ကော်ဖီ မမှာပဲ..."

တကယ်တော့အားယုက ကော်ဖီမကြိက်ချေ။ Leo ကော်ဖီ ကြိုက်တာ သိထားတာမို့သာ သူ cafe ဆိုင် ချိန်းလိုက်ရခြင်းဖြစ်သည်။

My Omega is very cute but scary.(Completed) Donde viven las historias. Descúbrelo ahora