Chapter 15(Unicode)

4K 383 8
                                    

နှစ်ထပ်အိမ်ဖြစ်တာကြောင့် အားယုက ယန်ဝမ်ကို ဝရံဒါရှိသောအခန်းကို ပေးထားလေသည်။ ယွင်အာ့အခန်းကတော့ ယန်ဝမ်နှင့်နီးနီးကပ်ကပ်ရှိပြီး အားယု နှင့် အန်တီလင်းကတော့ အောက်ထပ်မှာ အိပ်လေသည်။ ဒီည သူငယ်ချင်း တွေလာမည်ဟု
ယွင်အာက ပြောထားတာကြောင့် အပေါ်ထပ်ကနေ လေ့လာနေလိုက်သည်။ အိမ်ရှေ့ကိုရောက်လာတဲ့ လူ ၆ ယောက်ကို သေချာအကဲခတ်လိုက်သည်။ ကောင်လေး ၅ ယောက်ပါပြီး ကောင်မလေး တယောက်ပါလေသည်။ Dominant Alpha ဖြစ်တာကြောင့် ထိုလူတွေအကုန် Alpha ဖြစ်ပြီး ကောင်မလေး ကတော့ omega မှန်းသိလိုက်သည်။
ထို့နောက်သူ အောက်ထပ်ကစကားပြောသံကိုနားစွင့်လိုက်သည်။ သို့သော် အသံလုံလှတာကြောင့် ဘာအသံမှမကြား။ ထို့ကြောင့် အခန်းအပြင်သို့ထွက်ကာ ယွင်အာတို့ပြောစကားသံကြားနိုင်မည့်လှေကား နားသို့သွားလိုက်သည်။

ထိုလှေကားကနေအောက်ကိုငုံ့ကြည့်ကာ စကားဝိုင်းကိုနားစွင့်လိုက်သည်။ သူ့ကိုယ်သူတောင်ဘာလို့ ဒီလိုတွေလုပ်မိနေမှန်းပင်မသိ။ သေချာတာကတော့ သူ ဒီအိမ်မှာ နေတာဆိုတော့ ဒီအိမ်ရဲ့ လုံခြုံရေးကို သူဂရုစိုက်ရမှာ ကြောင့်ဟု တွေးလိုက်သည်။ သီချင်း အော်ဆိုကာ မိမိအိမ်ဆိုပြီ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုလှေကားကနေအောက်ကိုငုံ့ကြည့်ကာ စကားဝိုင်းကိုနားစွင့်လိုက်သည်။ သူ့ကိုယ်သူတောင်ဘာလို့ ဒီလိုတွေလုပ်မိနေမှန်းပင်မသိ။ သေချာတာကတော့ သူ ဒီအိမ်မှာ နေတာဆိုတော့ ဒီအိမ်ရဲ့ လုံခြုံရေးကို သူဂရုစိုက်ရမှာ ကြောင့်ဟု တွေးလိုက်သည်။ သီချင်း အော်ဆိုကာ မိမိအိမ်ဆိုပြီး ကဲချင်တိုင်းကဲနေတဲ့ ယွင်အာ့ကိုပဲ ယန်ဝမ် ကြည့်နေလိုက်သည်။ ခဏနေတော့ လေထုထဲတွင် pheromone ရနံ့များ ရလိုက်တာကြောင့် ယန်ဝမ် မျက်မှောင်ကျူံ့ လိုက်သည်။
နောက်မှ သူစိတ်ပူစရာမလိုမှန်း သတိရသွားသည်။ သို့သော် အားယု နှင့် ကောင်မလေးကတော့ မှောက်နေလေပြီ။ ယွင်အာ့ဘေးကို တဖြေးဖြေးတိုးလာတာ ကို ယန်ဝမ့်မျက်လုံးများက မြင်နရသည်။ ယွင်အာ့ဆီကို သွားလိုက်ချင်သော်လဲ ယွင်အာ့ အကြောင်းသိတာမို့ ဆက်စောင့်ကြည့်လိုက်သည်။သို့ပေမဲ့ ယန်ဝမ် စိတ်တိုလာတာ ကြောင့် အောက်သို့ဆင်းလိုက်သည်။ သူဆင်းလိုက်တာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သွားသည်။ ကောင်လေးတယောက်က ယွင်အာ့ပေါင်ကို ထိတွေ့လိုက်တာ ကြောင့်ပင်။ ယွင်အာ့ရဲ့အစပျိူးထွက်လာတဲ့ pheromone အနံ့ ကိုရလိုက်တာကြောင့် ယွင်အာ့အတွက် မခက်ခဲစေရန် အားယု တို့ကို ကျော်ကာ ယွင်အာ့ ကို ပွေ့ချီလိုက်သည်။ ပွေ့ချီလိုက်တာကြောင့် ယွင်အာ့ pheromone ကိုအနီးကပ်ရလိုက်ပြီး မျက်လုံးပြူးမျက်စံပြူး အလန့်တကြားကြည့်နေသော ကောင်လေးကို မြင်လိုက်တော့ စိတ်တိုနေတာတွေပါ ပျောက်သွားသည် ။ ထို့နောက် ယွင်အာ့ကိုထိဖို့ကြိုးစားနေတဲ့ ကောင်လေးကို ကြည့်ကာ ယန်ဝမ် သူ့ pheromone တွေကို ဒေါသကြီးစွာ ထုတ်လိုက်သည်။ ထိုအခါ Ethan နဲ့ Jacob မှာလဲ အားကြီးတဲ့ pheromone တွေကြောင့် ပြင်းထန်တဲ့ ဖိအားကိုခံစားလိုက်ရသည်။ အခုမှ သတိရချင်သလိုလိုဖြစ်နေတဲ့ မိန်းမိန် ကလဲ ကြောက်လန့်တကြားပင်ဖြစ်သွားသည်။ သူ့ဘေးတွင် ယွင်အာ့ကို ချီထားကာ pheromone တွေကို ထုတ်နေသော ယန်ဝမ်ကို မိန်းမိန် ဝေဝါးစွာ ကြည့် လိုက်သည်။ သူ့ရဲ့ omega pheromone တွေကို လုံးဝထိန်းချူပ် မရတော့ပဲ နေရခက်လာသည်။ ထိုစဥ် ခက်ထန်သော အသံကြားလိုက်ရတာကြောင့် နားထဲတွင် ကျေနပ်သွားသလိုပင် ခံစားလိုက်ရသည်။

My Omega is very cute but scary.(Completed) Where stories live. Discover now