Chapter 8(Zawgyi)

2.5K 133 8
                                    

နောက်တရက် အလုပ်တွေ ပြန်စတဲ့နေ့မှာတော့ ယွင်အာက ဘာမှမဖြစ်သလိုပင် စကားပြောဆို နေပြီး ယန်ဝမ်ကလဲ ပုံမှန်အတိုင်း တည်မြဲ တိုင်းတည်နေလိုက်သည်။

ယွင်အာ့ကို တချက်တချက်ခိုးကြည့်တိုင်း မန်နေဂျာရင် နှင့်ရီမောနေတာကြောင့် မဆီမဆိုင် ခံစားချက်ကြီးဝင်လာသည်။

' ဘာလဲ.....ငါသဝန်တိုနေတာလား.?'

ယန်ဝမ်အတွေးမြားကို ဖယ်လိုက်ပြီး ဒီနေရာကနေပဲ မြန်မြန် ထွက်သွားရန် ပြင်လိုက်သည်။

ထိုနေ့က အလုပ်တွင်  စုံတွဲကဲ့သို့ ရီမောနေသော အတွဲနှင့် ခပ်တည်တည်နှင့်စိတ်တိုနေသော လူ တယောက်တို့ရှိကြလေသည်။....

...........................

" သခင်လေး အရင်ကထက်ပို စိတ်တိုနေသလိုပဲ ဘာဖြစ်လို့များလဲ "

အလုပ်တွေပြီးတော့ ယန်ဝမ် တို့ပြန်ကြရာဝယ် လန်ရှီကကားမောင်းရင်းမေးလိုက်ခြင်းဖြစ်သည်။

"....."

ယန်ဝမ် ဘာမှမပြောသောကြောင့် လန်ရှီဆက်မမေးတော့ပဲ လမ်းကိုသာ ဂရုစိုက် မောင်းနေလိုက်သည်။

.......................

ဒီဘက် မှာလဲ စစ်ရင်က ယွင်အာ့ကို အိမ်ပြန် လိုက်ပို့ပေးနေရင်း ကားပေါ်တွင်...

" အကိုရင် "

" အင်း ပြောလေယွင်အာ.."

သူခေါ်လျှင် အမြဲ နွေးထွေးစွာ ပြန်ထူးတတ်တော့ စစ်ရင် ကို ယွင်အာသဘောကျမိသည်။

"အိမ်ပြန်လိုက် ယွင်အာ့ကို လာခေါ်လိုက် ပြန်လိုက်ပို့နဲ့ မမောဘူးလားဟင်. "

" အော်...မောစရာလား ယွင်အာရဲ့ ကို့အလုပ်ပဲကို."

" အကို က အလုပ်အရ ဂရုစိုက်ပေးတာလား ကျနော့်ကို "

မီးပွိုင့်မိနေစဉ် ဘေးတွင်ထိုင်ပြီး မေးခွန်းတွေမေးနေသော ယွင်အာ့ ကိုသဘောကျစွာ ကြည့်လိုက်ပြီး

"ဖြစ်နိုင်ပါ့မလား ယွင်အာရဲ့.... အကို ကိုယ်တိုင်ကိုက ယွင်အာ့ကိုဂရုစိုက်ပေးချင်လို့ လိုလိုလားလား ယွင်အာ့ဘေးမှာနေခဲ့တာလေ... ယွင်အာကမလိုချင်တော့ဘူးဆိုရင်တောင် အကို က မာမီနဲ့တိုင်ပြီး ယွင်အာ့ မန်နေဂျာ ရအောင်ပြန်လုပ်ပစ်မှာ.."

My Omega is very cute but scary.(Completed) Tahanan ng mga kuwento. Tumuklas ngayon