Chapter 13(Zawgyi)

2.2K 120 1
                                    

ယွင်အာ မျက်လုံးများပွင့်တာနဲ့ မြင်လိုက်ရတာက အဖေနှင့်အမေဖြစ်သည်။ စစ်ရင်ရှိမလားဟုလဲရှာကြည့်လိုက်ရာမရှိ။ စစ်ရင်အစား ယန်ဝမ်သာ ရှိနေသည်။ ယွင်အာ့အမေမှာလဲ ငိုထားတာကြောင့် မျက်ခွံတွေဖောင်းလို့နေသည်။

" သားရယ် တခုပြီးတခုပဲ..တော်သေးတာပေါ့ ဝမ်လေးရှိနေလို့ ."

ဝမ်လေးဆိုတာနဲ့ ယန်ဝမ် ကိုပြော မှန်း ယွင်အာ တန်းသိလိုက်သည်။ ဘယ်လိုလုပ် ဝမ်လေး လို့တောင်ခေါ်လိုက်တာပါလိမ့် ယွင်အာ တိတ်တခိုးရီလုက်မိသည်။ ယန်ဝမ်ကလဲမျက်လုံးလျှင်သူပီပီ ယွင်အာ ရီလိုက်တာကိုတွေ့လိုက်သေးသည်။

" သား... ပါး တို့ အိမ်မှာ ပြန်လာနေမလား."

" မနေချင်ပါဘူး ပါးကလဲအခုကလဲသောက်ထားလို့လေ နောက်မသောက်တော့ရင်ရပါတယ်."

" မာမီတို့သိပြီးပြီ ယွင်အာ..သားအသဲကွဲနေတာဆိုတာလဲသိတယ်. ဒါကြောင့် သားကိုဒီမှာဆက်ထားရင် သား ဒီအတိုင်းပဲဘဝက ပတ်ချာလည်နေမှာ. ဒါကြောင့်  မာမီ တို့ သားကို နိုင်ငံခြား က မာမီ့ ညီမဆီမှာ ခဏသွားနေစေချင်တယ်.အဲ့မှာလဲ သား ကြိုက်တဲ့အလုပ် လုပ်လို့ရတယ်. သားကို စိတ်ပူတာ အသဲကွဲတာနဲ့ပတ်သတ်ပြီးတခုခုထပ်ဖြစ်မှာပဲစိတ်ပူတာ သား..ကျန်တာ မာမီသားကို စိတ်ချပြီးသား.."

" ဗျာ ခုနကပဲ ပါးက အိမ်မှာ လာနေမလားဆို."

" အဲ့တာ chance ၂ ခုပေးတာပဲ အိမ်မှာ ပြန်လာမနေရင် နိုင်ငံခြားသွား "

" ဟာ.."

" မ...ဟာ နဲ့ သား ခုတောင်သားဆေးရုံတတ်နေတာ စစ်ရင်ကလာလို့လား.  သူ့ကိုမေ့နိုင်ဖို့ UK ကိုလွှတ်တာ သူ့ကိုမေ့ရင် သားပြန်လာလို့ရတယ်.."

ဟူတ်လဲဟုတ်သည်။ Accident ဖြစ်ထားတာတောင် ကိုကိုကသူ့ကိုလာတောင်မကြည့်ပေ။ ဒါကြောင့် ယွင်အာ သူ့မိဘတွေပြောတဲ့အတိုင်း UK သွားရန်ဆုံးဖြတ်လိုက်သည်။ နောက်မှ သူ ယန်ဝမ်ကိုသတိရသွားကာ...

" အကို ဝမ် က ဘာလုပ်နေတာလဲဟင်.."

" အော်.. စကားကောင်းနေတာနဲ့ ဝမ်လေးကိုမေ့နေလိုက်တာ..."

" ဝမ်လေးတို့မိဘတွေနဲ့ ပါး တို့က သွေးသောက်ညီအကို တွေလေ... သားနဲ့ အလုပ်တွဲလုပ်တာကို မာမီတို့ကမသိလိုက်တာ..နာမည်ကိုလဲဝမ်လေးပဲခေါ်နေကြဆိုတော့ ယန်ဝမ် ဆိုတာနဲ့ မာမီတို့လဲ မသိလိုက်တာ..ညက သားကိုခေါ်လာမှ မိတ်ဆက်ရင်း သိသွားကြတာလေ.."

My Omega is very cute but scary.(Completed) Wo Geschichten leben. Entdecke jetzt