Chapter 12(Unicode)

4.1K 385 3
                                    

အခန်းထဲရောက်ရောက်ခြင်းပင် ယွင်အာ့ ကို့ချူပ်ထားကြတာ မြင်တော့ စစ်ရင်စိတ်မထိန်းနိုင်ပဲ ဒေါသတွေကို ပုံချမိသည်။ နောက်မှသတိထားမိတာက လဲကျနေတဲ့ လူနှစ်ယောက်ဖြစ်သည်။ ယွင်အာလုပ်ထားတာဟုလည်း တခြစ်ချကောက်ချက်စွဲလို့ရသည်။ ဒီကောင်လေး သန်မာတာသူပဲသိသည်။ ယွင့်အာ့ကို ကူတွဲပြီး အပြင်ထွက်မယ်အလုပ် အခန်းထဲရှိလူတွေကို တချက်လိုက်ကြည့်လိုက်သည်။

မျက်နှာပင် မမှတ်မိလောက်အောင်ဖြစ်နေသော နှစ်ယောက်ကိုတော့ မကြည့်တော့ပဲ လဲကျနေတဲ့ ၂ ယောက်ကိုသာ အကဲခတ်လိုက်သည်။ ရုတ်တရက် မျက်စိ ထောင့်ကနေ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ လက်တစုံကို သတိပြုမိသော်လဲ ယွင်အာ့ကို တွဲပေးထားတာကြောင့် တွဲလက်ကိုလွှတ်လိုက်လျှင် ယွင်အာလဲကျမည်စိုးသဖြင့် ဆက်တွဲထားလိူက်သည်။

သူထင်တာမမှားပေ။ ထိုလူက ဘေးတွင်ရှိနေသော ဆေးလိပ်ပြာခွက်ကို ကိုင်ကာ ယွင်အာ့အား ရိုက်ချ ရန်ပြေးလာတာကြောင့် အခုချိန်အားနဲနေတဲ့ ယွင်အာ့ကိုလဲ အဝေးသို့ မတွန်းပစ်ရက်တာကြောင့် သူကပဲ ယွင်အာ့ကိုတွဲထားရာမှ လက်ကိုဖြုတ်ပြီး ယွင်အာ့ နောက်ကျောသို့အလျင်အမြန် ရွေ့လိုက်ပြီး ယွင်အာ့ ကိုယ်ကိုရင်ခွင်ထဲထည့်လိုက်ကာ ဆေးလိပ်ပြာခွက် ရိုက်ချက်ကို ခံလိုက်သည်။ ထို Alpha ကောင်ကလဲ အရပ်ရှည်တာကြောင့် စစ်ရင်ရဲ့ ခေါင်းနောက်စေ့ပိုင်းသို့ ရိုက်ချမိသွားသည်။

" ကိုကို......"

.......................................

၂ ရက်ကြာသော်.....

ယွင်အာ မျက်ခွံ များကိုလေးလံစွာနဲ့ ဖြေးဖြေးချင်းဖွင့်လိုက်တော့ သူရင်းနှီးတဲ့အခန်းနှင့် သူရင်းနှီးသော မွေ့ယာအထိအတွေ့ကြောင့် သူ့အခန်းထဲမှာပဲဟု ယွင်အာ သိလိုက်သည်။ သူ့ဘေးတွေ ခုံပေါ်၌အိပ်ပျော်နေသော စစ်ရင်ကိုတွေ့လိုက်ရတော့ ယွင်အာ ဖြစ်ခဲ့တာကို ပြန်တွေးလိုက်သည်။ ပြီးမှ စစ်ရင် ထိထားတာပြန်မှတ်မိသွားတာကြောင့် စစ်ရင်ခေါင်းကို ဖွဖွလေးကိုင်ကြည့်လိုက်သည်။ အအိပ်ဆက်တာကြောင်​့ စစ်ရင်ချက်ခြင်းပဲနိုးလာသည်။

My Omega is very cute but scary.(Completed) Donde viven las historias. Descúbrelo ahora