Extra

6.2K 388 18
                                    

_________×××××___________

ကျနော်ကပိုင်ယွင်ပါ.. အခုအသက်ကတော့ ၂၆ နှစ်ရှိပြီပေါ့နော်....... ကျနော့်မိဘတွေနဲ့ ရင်းနှီးတဲ့လူတွေကတော့ ယွင်အာလို့ခေါ်ကြတယ်.... ကျနော် ၂၁ အရွယ်တုန်းက.ယွင်လေးဆိုတဲ့နာမည်နဲ့လဲ အနုပညာလောကထဲ ဝင်လိုက်ပါသေးတယ်။ အဲ့တုန်းက ကျနော်ရည်းစားတစ်ယောက်ရခဲ့သေးတယ်ဗျ.... သူ့နာမည်က စစ်ရင်တဲ့....အဲ မေ့နေတာ... ကျနော်က omega တစ်ယောက်ပါ....အဆင့်မြင့် omega ပေါ့.... ကျနော့်လို gene မျိူးက ၁၀၀ မှာ တစ်ယောက် ပဲရှိတာတဲ့....စစ်ရင်ဆိုတဲ့ ပထမဆုံးထားဖူးတဲ့ ရည်းစားကတော့ Beta ဗျ....သူက ကျနော် ငယ်ငယ်ကတည်းက ကျနော့်နားမှာ ရှိနေပြီး ကျနော် အနုပညာတွေလုပ်တော့လဲ ကျနော့် မန်နေဂျာ အဖြစ်ရှိနေတာပေါ့ဗျာ....

တရက်ကျတော့ ကျနော်တို့ ရည်းစားဖြစ်သွားပါလေရော...အဲ့မှာ ကျနော့်မိဘတွေကလဲ ခွဲကြပြုကြပေါ့...စစ်ရင်က beta ဖြစ်နေတာဆိုတော့ မိဘတွေက အစွဲသမားတွေဆိုတော့ကား ကျနော့်ကို Dominant Alpha နဲ့ပဲ ရစေချင်ကြတာလေ....
ပြတ်သွားတယ်ဆိုပါတော့ဗျာ...ပြတ်သွားတော့ ကွဲအက်နေတဲ့ နှလုံးသားလေးကို ကုစားတဲ့ အနေနဲ့ ကျနော် England ကို သွားလိုက်တယ်။ ဖြစ်ချင်တော့ အနုပညာလုပ်တုန်းက ကျနော့်ရဲ့ တွဲဖက် ယန်ဝမ်လိမ့် ဆိုတဲ့ ဘော်ဒီမိုက်မိုက် Dominant Alpha ကြီးပါ England ကို ပါလာတာ...

နှလုံးသားလေးကို ကုစားဖို့ပါဆိုတာကို ကျနော့် ဒယ်ဒီက အလုပ်တွေအတင်းဇွတ်လုပ်ခိုင်းပါလေရော...အဲ့တော့ကျနော့်မှာ အလုပ်သင်ကနေစလုပ်ပြီး CEO ဖြစ်သွားတယ်ပေါ့ဗျာ....အကိုဝမ်နဲ့ ကျနော်နဲ့က ၃ နှစ်တောင်ကွာတာ...ဒါပေမဲ့ သူကရုပ် အသေနုတာဗျာ....ပြောရရင် ကျနော် အနုပညာလုပ်တုန်းက သူ့အတွက်တောင် သီချင်းတစ်ပုဒ် စပ်ခဲ့ဖူးသေးတယ်...ဘာရယ်တော့မဟုတ်ဘူး.... သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုရှိပြီး သူ့ကိုမြင်တိုင်း ရင်ခုန်တယ်ပေါ့....အဲ...ရင်ကတော့ အမြဲတမ်းခုန်တာပေါ့နော်....မခုန်ရင်​သေသွားမှာပေါ့.....ကျနော်ပြောချင်တာက သူ့အနားမှာရှိရင် ပုံမှန်ထက် ရင်ခုန်တယ်လို့ပြောချင်တာ.......

ကျနော်က omega ဖြစ်တော့ဗျာ...omega တွေကို Alpha ကောင်တွေ က နှိမ်ရင်မကြိုက်ဘူး... ဒါပေမဲ့ အကိုဝမ် က တော့ အဲ့လိုမဟူတ်ခဲ့ဘူးလေ..အဲ့တာကြောင့် သူ့ကိုလေးလဲလေးစားတယ်....
ကျနော် CEO ဖြစ်တော့လဲ သူပဲနောက်ကနေ ပံ့ပိုးပေးတာ...ကျနော်က သူများသနားတာ သူမ​ျားက ကူညီပေးတာ ခံရတာကိုမကြိုက်ဘူးဆိုတာ သူသိတော့ ကျနော်မသိအောင် သူ့မှာ ပံ့ပိုးပေးရှာတာ...
ကျနော်က လဲ ဖိုးဥာဏ်ကောင်းလေ...သိတာပေါ့.... ဒီလောက်ထိ လျောလျောရှူရှူ တွေဖြစ်နေတာ ဒါကျနော်တယောက်တည်းရဲ့ ကြိုးစားမှုနဲ့ ဖြစ်မလာနိုင်ဘူးလေ....

My Omega is very cute but scary.(Completed) Where stories live. Discover now