Chapter 17(Unicode)

3.6K 350 5
                                    

ပုလင်းရပ်တန့်ရာ မြှား ခေါင်းကိုကြည့်လိုက်တော့ ညွှန်ပြနေတာက Jacob ဆီသို့... ထို့ကြောင့် Jacob က Truth ကိုဖြေရန် အနီဗုံးသို့လက်နှိုက်ကာစာရွက်ကိုယူလိုက်သည်။

" လက်ရှိ သင် sex လုပ်ချင်နေတဲ့လူတစ်ဦး..တဲ့... "

" မှန်မှန်ပြောရမှာနော်.မလိမ် ရဘူး..."

Jacob ကယွင်အာ့ကို ကြည့်လိုက်ပြီး..

" Him......"

ဟု ဆိုကာ ယွင်အာ့ကို လက်ညိုးထိုးလိုက်တာကြောင့် ယွင်အာရော အားယု ပါ ခေါင်းနပန်းကြီးသွားသည်။ သူ့ကို sex လုပ်ချင်နေတဲ့ လူကိုမှ အိမ်ခေါ်မိထားတာကို... အားယုက ယန်ဝမ်ကို မသိမသာ ကြည့်လိုက်တော့ ယန်ဝမ်ကလဲ Jacob ကို ကြည့်နေတာ တွေ့လိုက်တာကြောင့် အားယု ကြိတ်ရီနေလိုက်သည်။

" ကဲကဲ... ကစားပွဲပဲလေ...ဘာမှ မဖြစ်ဘူး လူတိုင်း အမှန်တိုင်းပြောရမှာပဲ..... နောက်တစ်ပွဲဆော့မယ် လာလာ..."

Aiden က မလှုပ်မယှက်ဖြစ်နေကြတဲ့ ယွင်အာ့ကို အဆင်ပြေစေလို့ငှာ ပြောလိုက်သည်။ တကယ်တော့ ယွင်အာလဲ ဘာမှမဖြစ်ပေ။အားယုက လန့်သလိုဟန်ဆောင်လိုက် တိုးတိုးသာသာ ကပ်ပြောလို့သာ လန့်ချင်ဟန်ဆောင်လိုက်ခြင်းပေ။

နောက်ထပ် အလှည့်ကျတာက Lucas ဖြစ်ပြီး သူလုပ်ဆောင်ရမှာကတော့ ဝိုင် ငါးခွက်ကို တကျိူ့တည်းမော့ချရမှာဖြစ်တာကြောင့် ငိုရခက်ရီရခက်ဖြစ်နေသည်။ ထို့နောက် အားယုကပဲ ပုလင်းထပ်လှည့်လိုက်ရာမှာတော့ မြှားကယွင်အာ ရှေ့သို့ရောက်သွားလေသည်။

" အကို ယွင်အာပဲ.....အကို က truth ဖြေရမှာ.."

ယွင်အာ အနီရောင်ဗုံးထဲမှ စာရွက်ကို ယူလိုက်သည်။

" sex လုပ်ဖူးပါသလား ဘယ်နှစ်ခါလုပ်ဖူးလဲ
ဘယ်သူနဲ့လဲ ဘယ်နှ​ယောက်နဲ့လဲ... တဲ့. "

တခြားလူအတွက်ဆိုရင်တော့ ဒီမေးခွန်းက ဖြေရခက်ကောင်းဖြေန်ုင်ပေမဲ့ ယွင်အာကတော့ လွယ်လွန်းသည်။ သူမှ sex မလုပ်ဖူးတာ...စစ်ရင်နဲ့တုန်းကလဲ နမ်းရှိုက် အာသာဖြေပေးပြီး ပြီးသွားခဲ့တာကို..

" မလုပ်ဖူးဘူး.."

" ဟမ်... တကယ်လား...တကယ် sex မလုပ်ဖူးတာလား... "

My Omega is very cute but scary.(Completed) Donde viven las historias. Descúbrelo ahora