Chapter 25(Unicode)

3.6K 370 5
                                    

ယွင်အာ Hotel အရှေ့ပိုင်း view အတွက် ခေါင်းစားနေလေသည်။ ထမင်းစားချိန်မှလွဲပြီး ကျန်တဲ့အချိန်တွေတိုင်း အလုပ်ကိုသာလုပ်နေတာကြောင့် ရက်ပိုင်းအတွင်းမှာပဲ ရှယ်ယာလူကြီးမင်းတွေရဲ့ ယုံကြည်မှုပါသာမက အားကိုးရတဲ့ လူတယောက်ဖြစ်လာလေသည်။ ယွင်အာ meeting room မှပြန်ထွက်လာတော့ Lucy က ယွင်အာ့ကို ဖုန်းပေးလိုက်ပြီး ဘေးတွင် ယန်ဝမ်လဲ ရှိတာကြောင့်.....

" CEO Asher..... meeting ဝင်နေတုန်း Little bro ဆိူတဲ့ contact name နဲ့ ဖုန်းဝင်လာပါတယ်.."

" ဟင်..ဟုတ်လား...ပေးပေး..."

ယွင်အာ Lucy လက်ထဲမှ သူ့ဖုန်းကို ဆွဲယူလိုက်ပြီး ဖုန်းကိုကြည့်လိုက်တော့ ဆယ်ကြိမ်ထက်မနဲ ခေါ်ဆိူထားတာကြောင့်စိတ်ပူပြီး ချက်ခြင်း ပြန်ဆက်လိုက်လေသည်။ တော်သေးသည် အားယုက ဖုန်းကိူင်ထားသည်မို့...

" ဟလို..အားယု...."

" ဟား.....လို.....ဟား....လို....ကိုကိုယွင်......"

" အားယု...ဘယ်ရောက်နေတာလဲ.... မူးနေတာလား...ဘယ်မှာလဲ..."

" အွန်း......ကျ....နော်......က......bar. ....မှာ...."

" ကျွတ်.....အားယု ဘယ် bar လဲ...အမြန်ပြော...".

" ကျောင်း......နား...."

" အဲ့မှာပဲနေနေနော်....ဘယ်သူခေါ်ခေါ်မလိုက်နဲ့....အကိုအခုလာမယ်...ဟူတ်ပြီနော်...လိမ္မာတယ်.... .အားယု...ကြားလား..."

" ကြား........တယ်......."

ဖုန်းချပြီးတော့ယွင်အာက Lucy ကိုမှာစရာရှိတာတွေ မှာလိုက်ပြီး အားယုဆီသွားရန် အထုပ်တွေ ယူလိုက်သည်။ ရုံးဆင်းချိန်မရောက်သေးသော်လဲ ညီလေးတစ်ယောက်လူံး မူးပြဲနေတာတော့ ပစ်မထားနိုင်ပေ။ ပြီးတော့ bar မှာဆိုတော့ ပိုတောင်စိတ်ပူရသေးသည်။

" ကို...လိုက်ပို့ရမလား..."

" bar. .ဆိုတော့...အင်း..လိုက်ပို့......"

ယွင်အာမသိစိတ်ထဲကနေ ယန်ဝမ့်ကို အားကိုးမိလိုက်သည်။ bar ဆိုတော့ သူတို့အတွက် သွားရန်မသင့်တော်ပေ။ omega တယောက်တည်းသွားပါက ပရော်ပရီ သမားတွေနဲ့ တွေ့နိုင်ဖို့က 99.99 percent သေချာသလောက်ပင်။ ထိုသို့သော နေရာမှာ ယွင်အာ ဒေါသမထွက်ချင်ပေ။ ယန်ဝမ့်ကို အားယု ကျောင်းဆီသိူ့လမ်းညွှန်လိုက်ပြီး ကျောင်းနားရောက်တော့ bar နှင့်တူသည့်နေရာကို အတူတူ ရှာလိုက်ကြသည်။

My Omega is very cute but scary.(Completed) Where stories live. Discover now