Chapter 28(Unicode)

3.5K 307 6
                                    

2 years later. ....

Sunny canopy hotel ကို အောင်မြင်စွာ ဆောက်လုပ်ပီးစီး သွားပီးတဲ့ နောက်မှာတော့ ဟော်တယ်အသစ် ဖွင့်လစ်ခြင်းအခမ်းအနား ကျင်းပကြလေသည်။  ထိုအခမ်းအနားကို လုပ်ငန်းရှင်များစွာ တက်ရောက်ကြပီး ရှယ်ရာရှင်များနဲ့ အတူ သတင်းထောက်များစွာလည်း ရှိကြသည်။ ယွင်အာနဲ့ ယန်ဝမ်က ကြိုးများကို အတူတူဖြတ်တောက်ပီး ဘောလုံးများအား လေပေါ်တင်လွတ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ စတင်လိုက်သည်။ သတင်းထောက်များအတွက်လည်း အချိန်သီးသန့် ပေးရတာကြောင့် ယွင်အာ ထိုလူများနဲ့ အလုပ်ရှုပ်နေတော့သည်။

"Mr.Asher အနေနဲ့ ဒီလုပ်ငန်းကို ဘယ်လိုအကြောင်းများကြောင့် ဖခင်ဆီက လက်လွဲ ယူခဲ့ပါသလဲ"

"ဒယ်ဒီက ဟိုးအရင်ကတည်းက သူ့လုပ်ငန်းတွေကို လုပ်ခိုင်းနေတာကြာပီ ၊ အခုကျမှ ကျနော်လည်း အလုပ်လုပ်ချင် လာတာကြောင့် ဒယ်ဒီ့လုပ်ငန်းတွေကို လွဲပြောင်းယူလိုက်တဲ့ သဘောပါ"

"Mr.Asher....CEO ဖစ်လာတော့ အခက်အခဲများ တွေ့ကြုံရပါသလား"

"အခက်အခဲကတော့ အများကြီးပါ ၊ ကျနော်က omega ဆိုတော့ လူတေက ကျနော့်ကို သိပ်သဘော မကျကြဘူး။ ပီးတော့ ကျနော်က CEO နေရာကို ဒယ်ဒီ‌ လက်လွဲပေးလို့ ဒီတိုင်းရလာ‌တာ မဟုတ်ဘူး။ ကျနော် company မှာ အောက်ခြေသိမ်း အလုပ်ကစပြီး အလုပ်သင် သုံးလ ကာလအထိ လုပ်ခဲ့ရတာ။ အဲ့ကနေမှ ဒယ်ဒီရဲ့ အသိအမှတ်ပြုတာကို ခံရပီး ကျနော် CEO ဖြစ်လာတယ်။ ဖြစ်လာတော့လည်း omega ဆိုပီး အတိုက်အခိုက် ခံရတာတွေ အများကြီးရှိတယ်။ တချို့ ရှယ်ယာဝင်တွေ နှုတ်ထွက်သွားတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ကျနော် တရက်မှ မနားပဲ အလုပ်ကို သေချာ ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ အခုအချိန်မှာ ကျနော်က အောင်မြင်တဲ့ လုပ်ငန်းရှင်တယောက် အနေနဲ့ ရပ်တည်နေပြီလေ.. "

"ဟုတ်ကဲ့ Mr.Asher နဲ့ Mr.Theo က မိတ်ဖက်တွေဆိုတာ လူတိုင်းလည်း သိကြပါတယ်။ Mr.Asher အနေနဲ့ Mr.Theo ရဲ့ အကူအညီတွေရော ဘယ်လောက် အတိုင်းအတာအထိ ယူခဲ့ပါသလဲ။"

"သူနဲ့ ကျနော်က လုပ်ဖော်ကိုင်ဖက်အနေနဲ့ ရှိခဲ့တာ။ သူလည်း သူ့အလုပ်နဲ့သူ သူ့အပိုင်းနဲ့သူ ၊ ကျနော်လည်း ကျနော့်အပိုင်းနဲ့ ကျနော်။ ပီးတော့ ကျနော်က သူများအပေါ် မှီခိုရတာကို မကြိုက်ဘူး၊ ကိုယ့်ကိုယ်ကို အားကိုးပီးပဲ ဒီလိုတွေ ဖစ်လာအောင် လုပ်ခဲ့တာပါ။"

My Omega is very cute but scary.(Completed) Where stories live. Discover now