Chapter 26(Unicode)

3.7K 335 12
                                    

ယွင်အာတို့ site ထဲတွင်...

" အကိုဝမ်...supervisor အသစ်ပြောင်းသွားတာ ကျနော်လဲမသိလိုက်ရပါလား...အရင် လူကဘာဖြစ်လို့လဲ...ဘာလို့ သူ့ကိုထုတ်လိုက်တာလဲ..."

" အဲ့ကောင်က ပါးစပ်ဖွာလို့..."

" သူ့ဘာသာ ဖွာတာ... ဖွာပါစေပေါ့ ဘာလို့သူများကို ထုတ်လိုက်တာလဲ "

" မင်းအကြောင်း ပါးစပ်ဖွာလို့..."

" အော်..ဒါဆို ထုတ်ရမှာပေါ့...ထုတ်ထုတ်...ဟဲဟဲ.... ခု အသစ် supervisor က ကောင်မလေးဖြစ်နေပြီ...ပါးစပ်ကပိုတောင်ဖွာနေဦးမယ်..."

" ထပ် ထုတ်ပေါ့.."

" ကြီးမြတ်လှတဲ့ အကိုယန် ရယ်.... ထုတ်လိုက်ခန့်လိုက်နဲ့ လွယ်တယ်မ​ျားထင်နေလား...အံ့သြစရာ.."

ပြောနေတုန်းသူတို့နားသို့ ထို supervisor ကောင်မလေးရောက်လာပြီး...

" Mr.Theo....... ကျမလက်ထဲရောက်လာတဲ့ View ပုံစံတွေက Hotel design နဲ့ သိပ်မလိုက်ဖက်သလိုပဲ... အရှေ့မှာပဲ သစ်ပင် စိုက်မယ်ဆိုတာက ကားတွေသွားရလာရ ခက်ခဲနိုင်တယ်...ပြီးတော့ park အသေးလေး က ထားဖို့ မလိုအပ်ဘူးထင်တာပဲ...Hotel မှာပဲ gym တွေ entertainment အတွက်တွေပါ.. ပါပြီးသားဆိုတော့..နေရာ ပိုပြီး ကျယ်အောင် တတ်နိုင်သမျှ  reduce လုပ်သင့်တယ်... Mr. Theo နဲ့  ကျမ သေချာတိုင်ပင်ချင်လို့ အချိန်မရရင် ကျမ Mr. Theo အိမ်ကို ညနေလိုက်ခဲ့လို ရပါတယ်ရှင့်..."

" မင်းကဘယ်သူလဲ... "

" ရှင်...ကျမက supervisor အသစ်.. နာမည်က.."

" ဒီ view တွေက CEO စီစဥ်တာ...မင်းကဘာတွေ အထွန့်တတ်ချင်တာလဲ...ပြီးတော့..."

ကောင်မလေး က သူ့နာမည် မိတ်ဆက်တော့မဲ့အချိန်မှ ယန်ဝမ်က စကားဖြတ်ပြောလိုက်တာကြောင့် ယွင်အာရီချင်သွားသည်။ ယန်ဝမ် ဆက်ပြောမဲ့စကားကို ယွင်အာကပဲ ဆက်ပြီး...

" ပြီးတော့ Mr. Theo က သူ့အိမ်ကိုလူစိမ်းခေါ်တာမကြိုက်ဘူး....view အတွက် design က ကျနော်စီစဥ်တာဆိုတော့ ပြောစရာရှိရင် ကျနော်နဲ့ပြောရမှာပေါ့...ကျနော့်အိမ်တော့ လာချင်လဲရတယ်နော်...တညလုံးနေသွားလဲရတယ်..."

" ရှင်.... "

" park အသေးလေးက ကလေးတွေအတွက်...သစ်ပင်က အရိပ်ရဖို့...ကားတွေသွားလာဖို့က ဘေးကသွားလိမ့်မယ်...မင်းသေချာ ကြည့်တတ်ရင် CEO ရဲ့ idea ကောင်းတာကို သိလိမ့်မယ်...".

My Omega is very cute but scary.(Completed) Tempat cerita menjadi hidup. Temukan sekarang