Chapter 10(Unicode)

4.2K 431 0
                                    

" ကိုကို ကျနော့်ကိုရှောင်နေတာလား..."

" ဟင် မဟုတ်ပါဘူး ယွင်အာရဲ့ "

" ကိုကို့ကို ​တွေ့လိုက်ရင် ဟိူမင်းသားရဲ့ မန်နေဂျာနဲ့ပဲ တပူးပူးတတွဲတွဲ... ကျနော့်နားလဲမလာဘူး...ကျနော်နဲ့ မျက်လုံးချင်းလဲမစုံဘူး...ကိုကိုဘာဖြစ်နေတာလဲ "

ဟူတ်ပါသည်။ စစ်ရင် သူ့ကိုရှောင်နေခဲ့တာပါ။ ကမ်းခြေမှာ ရှုတင် ရိုက်တဲ့အခ​ျိန်ကတည်းက ပြီးတဲ့အထိ ယွင်အာ့နားလဲမနေခဲ့... မိတ်ကပ်ဆရာများနှင့်သာလွှဲထားပီး သူကတော့ လန်ရှီနားတွင်ပဲ ကပ်နေလိုက်သည်။ ထို့ကြောင့် ညနေနားချိန်တွင်တော့ ယွင်အာ က ပြသနာရှာနေတော့တာဖြစ်သည်။

" ဒီ ကမ်းခြေ ရှုတင်ပီးရင် ပွဲတပွဲရှိတယ်လေ ယွင်အာရဲ့ အဲ့ပွဲအကြောင်းတိုင်ပင်နေကြတာပါ."

" အဲ့တာနဲ့ ကျနော့်ကိုပစ်ထားစရာလား "

" အော်  ဒီမှာက ပိုတောင်လူများတယ်လေ ပြီးတော့ ယွင်အာ့ fans တွေရောရှိတယ်လေ ဘယ်ကောင်းပါ့မလဲ ယွင်အာရဲ့ ".

ညနေ နေမဝင်ခင် ကမ်းခြေစပ်နားတွင် မည်သူမှလဲ ရှိမနေတာကြောင့် နှစ်ယောက်သား အေးအေးလူလူ စကားပြောနေကြသည်။

" ညနေလေကအေးတယ် ယွင်အာ... အထဲဝင်ကြစို့ "

" ကိုကို ကျနော့်ကိုချစ်သေးလား.."

ထိုမေးခွန်းကိုမေးလိုက်တာကြောင့် ယွင်အာ့ဘက်သို့ မျက်နှာမူလိုက်ကာ. မျက်နှာချင်းဆိုင်ကြည့်ပြီး

" ယွင်အာ....အမြဲ မှတ်ထား ကိုကို့ဘဝမှာ ယွင်အာ့ကို အချစ်ဆုံးပဲ...ယွင်အာ့အတွက်ဆို ကိုကို့အသက်ပါပေးရဲတယ်...ယွင်အာပျော်ရွှင်ဖို့ပဲ လိုတယ်.."

" ဒါဆို နောက်ဘယ်တော့မှ မပစ်ထားနဲ့ အဲ့တာဆို ပျော်တယ်..."

စစ်ရင်အနဲငယ်တွေဝေသွားပီးမှ...

" နောက်တခါပစ်မထားတော့ဘူးနော် ဟုတ်ပြီလား..."

" ဟီး..... ပီးရော....ဒါနဲ့..ပွဲတခု ရှိတယ်ဆိုတာ ဘာပွဲလဲ ကိုကို.."

" Alpha မင်းသားမင်းသမီးတွေပဲ တက်ရတဲ့ ပွဲ.. jewels for you တဲ့.အဲ့ပွဲက လေလံပွဲတမျိူးပဲ... အဲ့ပစ္စည်းတွေက မင်းသားမင်းသမီးတွေအတွက်ပဲသီးသန့်...ဒါပေမဲ့ တချိူ့သော သူဌေးတွေလဲအဲ့ပွဲကို တက်လို့ရတယ် ပြောရရင် ပိုက်ဆံ ဘယ်လောက်ရှိကြောင်းကြွားရတဲ့ ပွဲမျိူးပေါ့..."

My Omega is very cute but scary.(Completed) Tempat cerita menjadi hidup. Temukan sekarang