Chapter 5(Unicode)

6.3K 709 3
                                    

' * phone rings *'

ပေါ်လာတဲ့ contact ကိုကြည့်လိုက်တော့ ' baby yin ' တဲ့.......

" ဟလို..."

" ဟလို ကျနော်စစ်ရင်ပါ...ခင်ဗျား သခင်လေးနဲ့ဖုန်းအဆက်အသွယ်များရလား...ကျနော်ယွင်အာ့ကိုဆက်တာ ဖုန်းမကိုင်လို့ "

" အင်း..ကိုဆက်ကြည့်ပေးမယ်လေ ခဏစောင့် ကိုပြန်ခေါ်လိုက်မယ် "

' * call ended*'.

' ဘယ်လိုကြီးတုန်း အကူအညီလဲတောင်းသေးတယ် သူကပဲဖုန်းအရင်ချသွားတယ်.'

လန်ရှီ ယန်ဝမ်ဆီဖုန်းခေါ်လိုက်သောအခါ ဖုန်းမကိုင်သောကြောင့် သူကိုယ်တိုင်ပင် စိတ်ပူသွားရသည်။
လေးခေါက်လောက်ဆက်ပြီးတဲ့အခါမှတော့ ထပ်မဆက်နဲ့ ကားမောင်းနေကြောင်း ပြောပြီး ယွင်အာ့အိမ်ကိုသွားမှာ လိုက်ရင်လိုက်ခဲ့ဟုလဲပြောတာကြောင့် baby yin လေးကို ဖုန်းဆက်ပြီး သတင်းပြန်ပို့ပေးရသေးသည်။

ည ၁၁ လောက်ကြီး မန်နေဂျာ ၂ ယောက်လုံး ယွင်အာ့ တိုက်ခန်း အောက်တွင်စုံကြပြီး ယွင်အာ့ အခန်းသို့ ဦးတည်လိုက်ကြသည်။
အခန်းရှေ့ရောက်သောအခါ ဘဲလ် တီးလိုက်ပြီး တံခါးလာဖွင့်သူမှာတော့ ယန်ဝမ် ဖြစ်လေသည်။

အထဲသို့ဝင်လာပြီး ယွင်အာကိုလိုက်ရှာကြည့်လိုက်တော့..

" ယွင်အာ.... "

sofa ပေါ်တွင် ဒူးနှစ်ဖက်လုံး အပေါ်တင်ထားပြီး ရီဝေဝေမျက်နှာဖြစ်နေသော ယွင်အာ့ဆီကို အပြေးအလွှားသွားလိုက်သည်။

" ဘာတွေဖြစ်နေတာလဲ ယွင်အာ ဖုန်းဆက်တာလဲမကိုင်ဘူး.. ​နောက်ပြီး ဘာလို့သောက်လာရတာလဲ...တခုခုများဖြစ်ခဲ့သေးလား ယွင်အာ."

ဘာမှပြန်မပြောသောယွင်အာကြောင့် ယန်ဝမ်ကိုတချက်ကြည့်ကာ..

" ပွဲမှာတခုခုများဖြစ်ခဲ့သေးလား "

" အင်း ".

ဘာဖြစ်ခဲ့တယ်ဆိုတာမပြောပဲ အင်း တလုံးပဲပြောတာကြောင့် စစ်ရင်ဘက်ကပဲမေးခွန်းမေးရတော့သည်။

" ဝိုင်ဘယ်လောက်တောင်သောက်လာတာလဲ "

" ၃ ခွက် "

My Omega is very cute but scary.(Completed) Where stories live. Discover now