Chapter 4(Unicode)

6.4K 930 22
                                    


" omega မင်းသားလေး အဆင်ပြေရဲ့လား... hkhk ဒီမှာက alpha pheromone တွေအများကြီးရယ် ..သတင်းကြားပါတယ် ပါတီပွဲတွေဆို မတက်ဘူးဆိုတာ ခုကျဘယ်လိုကြောင့် သူများရဲ့ partner တောင်ဖြစ်သွားတာလဲ omega လေး "

လဲ့လဲ့ အသံက တိုးလဲမတိုး ကျယ်လဲမကျယ်ပေမဲ့ ပတ်ဝန်းကျင် က လူတွေကြားဖို့အတွက်တော့ လုံလောက်လေသည်။ အကုန်ငြိမ်သွားကြပြီး ယွင်အာ့ကိုပဲကြည့်ကာ ယွင်အာ့အဖြေကိုစောင့်နေကြသည့်အလား...

ယွင်အာ သူ့ရှေ့မှ လဲ့လဲ့ဆိုသူကို ကြည့်မရ..
omega ချင်းတူတာတောင် ဘာလို့သူမက တခြား omega ကို ပြန် ခနဲ့ နေရတာလဲ....

" ယန်ဝမ် ကမ်းလှမ်းလို့ partner အနေနဲ့တက်ပေးတာ ပြသနာရှိလို့လားဗျ.."

ယွင်အာ့ကိုကြည့်နေကြတဲ့လူတွေပဲမို့ ယဥ်ယဥ်ကျေးကျေးပဲ တုံ့ပြန်လိုက်သည်။

" ဟင်..ဒါဆို အခု ယန်ဝမ်ကရော..ဘယ်မှာလဲ..အွန်း.......လဲ့ အထင်တော့ ယန်ဝမ်က  ပွဲတခါမှမတတ်ဖူးဘူးဆိုတဲ့မင်းသားလေးကို တတ်ဖူးလေ့ရှိအောင် ခေါ်လာတာပဲထင်တာ .ခုပိုတောင်သေချာသွားပြီ... ယန်ဝမ်က မင်းသားလေးနားရှိမနေဘူးလေ မင်းသားလေးကို သူကအလိုမရှိတော့လို့ထားပီးတခြားနေရာသွားနေတာ နေမှာ. hkhk "

လဲ့လဲ့စကားကိုထောက်ခံသူတွေကလဲ ခေါင်းတငြိမ့်ငြိမ့်နှင့် တီးတိုးပြောဆိူနေကြသည်။

" ခွင့်ပြုပါဦး "

စကားဆက်ပြောနေလျှင် တစတစရန်စကားပဲ များလာမှာသိတာကြောင့် ယွင်အာ စားလက်စကို မစားတော့ပဲ ထို ဂြိုလ်သူမ အနားကနေ ထွက်သွားရန် ပြင်လိုက်စဥ်...

' ဒုန်း '

'အ '

သတိမထားမိလိုက်ပဲ လဲ့လဲ့ ရဲ့ ခြေထိုးခံခြင်းကို ခံလိုက်ရပြီး ယွင်အာ ဟန်ချက်ပျက်ကာ လဲကျသွား​လေသည်။ ယွင်အာ သတိမထားမိလိုက်ပဲ လဲ့လဲ့ က ယွင်အာအနားရောက်လာခဲ့တာကြောင့် ခြေထိုးခံဖို့လဲ သူမအတွက်ပိုအဆင်ပြေသွားခြင်းဖြစ်သည်။

ဘယ်သူ့ကြောင့်မှမဟူတ်ပဲ ယွင်အာ့ဘာသာလဲကျခြင်းဟုပဲ ဘေးလူတွေလဲမြင်နေကြမှာ အမှန်ပင်။
စားပွဲနှင့် ကာနေသောကြောင့် လဲ့လဲ့ ခြေထောက်ကိုလဲ ဘယ်သူမှသတိမထားမိ။

My Omega is very cute but scary.(Completed) Opowieści tętniące życiem. Odkryj je teraz