Unicode
"ဟမ်!! ခင် ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ ထွက်သွားးး"
ဝမ်ရိပေါ်ရဲ့အော်သံကြောင့် ဟိုဘက်အခန်းမှ ဟောက်ရွှမ်းပင် လန့်ကာ အခန်းထဲမှ ထွက်လာသည်။
"ဟေ့ကောင် ရိပေါ် ဘာလို့ဒီလောက်တောင် အာပြဲကြီးနဲ့ အော်နေတာလဲ"
"ဒီမှာလေ၊ ဒီလူ ငါတို့အိမ်ထဲရောက်နေလို့၊ ခင်ဗျား ဒီအိမ်ထဲဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"
ရိပေါ်လက်ညှိုးညွှန်ပြရာသို့ ဟောက်ရွှမ်းကြည့်လိုက်တော့ အသားညိုညို၊ အရပ်ရှည်ရှည်နဲ့ လူကိုတွေ့ရသည်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ လျှိုသွင်းကာ မတ်တပ်ရပ်နေပုံက တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေသလို။
"အော်၊ ခင်ဗျားက ရှောင်ကျန့်ဆိုတာလား"
ဟောက်ရွှမ်းရဲ့အမေးကို ရှောင်ကျန့်က ခေါင်းတစ်ချက်ငြိမ့်ရုံသာ အဖြေပေးသည်။
ဒီလူက ဘာလဲ??
ဟောက်ရွှမ်းတစ်ယောက် စိတ်ထဲမှသာကျိန်ဆဲမိသည်။
လခွမ်းတဲ့၊ ဒီလိုလူနဲ့ တစ်အိမ်ထဲနေရမှာတဲ့လား??
နောက်နေတာနော့မဟုတ်ဘူးမလား??"ဟောက်ရွှမ်း မင်းက သူ့ကိုသိလို့လား"
"အေး မနေ့က အပျိုကြီးငါတို့ကို ပြောသွားတဲ့ အိမ်ငှားအသစ်ဆိုတာ သူပဲ"
"What?? တစ်ကယ်ကြီး"
သူ့ကိုကြည့်ကာ တစ်ယောင်တစ်လှည့် ပြောဆိုနေကြသော လူငယ်နှစ်ယောက်ကိုကြည့်ကာ ရှောင်ကျန့်ခေါင်းခါမိသည်။ အထူးသဖြင့် သူ့ကို စတွေ့တွေ့ချင်း အော်တဲ့သူ။
"မင်း ကိုယ့်ကို မမှတ်မိဘူးလား?"
ရိပေါ်ကို တည့်တည့်ကြည့်ကာ မေးလာသော ထိုလူရဲ့အကြည့်တွေကို ရိပေါ်ရှောင်လွှဲမိသည်။
တတ်နိုင်ရင်တော့ မမှတ်မိချင်ဘူးဗျို့။
လွန်ခဲ့သော တစ်ပတ်ခန့်က......
"ရိပေါ် ရယ် ငါ့ကိုကူညီစမ်းပါ"
"နိုးပါ၊ ဟောက်ရွှမ်းကို သွားပြော"
"နင်ကလည်း သူငယ်ချင်းအချင်းချင်းတောင် မကူညီချင်ဘူးလား၊ အဲ့ဟောက်ရွှမ်းက မအားဘူးတဲ့၊ လုပ်ပါဟာ ကူညီပါ၊ ညကျတစ်ဝိုင်းဟာ၊ နော် နော်လို့"
