အပိုင်း ၃

25.9K 1.2K 55
                                    

Unicode

ရုန့်ရင်းဆန်ခတ်အခြေအနေဖြင့်မြေကြီးပေါ်လက်ထောက်လျက်ထည်လဲကျသွားသည်။
မြေပြင်ကိုအားပြုထောက်
လိုက်သည်ကြောင့်အရှိန်ဖြင့်ပွတ်ဆွဲသွားရာ လက်ကောက်ဝတ်တစ်လျှောက်အနည်းငယ်
သွေးစို့ပြီးခြစ်ရာကအကွက်လိုက်။

နာနေတဲ့လက်ကဒဏ်ရာတွေကြောင့် ထည်အကောင်းတိုင်းလက်တစ်ဖက်က်ိုအားကိုးမိရင်းသတိနဲ့မတ်တပ်
ထရပ်လိုက်သည်။ထိုနေရာကနေ ထွက်သွားရန်ပြင်လိုက်ချိန် မြေကြီးပေါ်ကျကျန်ခဲ့တဲ့ ထီးကောက်ကြီးကိုပါ ထည်ပြန်ပြီးကောက်ယူလာခဲ့လိုက်သည်။သူများကို ဒုက္ခပေးချင်တာနဲ့ ကိုယ့်ပစ္စည်းကိုပါပစ်ချထားခဲ့တဲ့လူကိုတွေးမိတော့နေပူကြီးထဲ သူဆောင်းစရာမှပါသွားရဲ့လားကိုစိတ်ကအရင်ပြေးသတိရပြန်သည်။

ထည်ထီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
သောက်ကျိုးနည်းမို့သူက ကိုယ့်ဒဏ်ရာကိုတောင်
ဂရုမစိုက်နိုင်ပဲ ထိုလူအတွက်ကိုတောင် ပြန်စိတ်ပူပေးနေမိသေးတာ။

တကယ်ကိုစိတ်အနှောင့်အယှက်အဖြစ်ခံပြီး
ထိုလူသားကို
သူတန်ဖိုးထားရသည်။

နေထက်ကိုအကူအညီတောင်းပြီး လာကြိုခိုင်းချင်ပေမဲ့
သွားစရာက်ိစ္စရှိသည်ဟုပြောသွားတာကြောင့် တမင်
အလုပ်မပိုစေချင်တော့။ မဟာသတ္တိ ပြန်လာတဲ့အချိန်ထိစောင့်နေရအောင်လဲ သူကအရူးမဟုတ်ဘူး။ သူသွားချင်တဲ့နေရာသွားပြီးရင် အိမ်ကိုပဲတန်းပြန်မှာဖြစ်ပြီး ထည့်ဆီကိုအပင်ပန်းခံလို့ နောက်တစ်ခေါက်လာကြိုမှာမဟုတ်မှန်းကိုသိတာကြောင့်ဖြစ်သည်။

အနောက်ဘက်ဆီက ကားဟွန်းတီးသံကထည့်အတွေးတွေကိုရပ်တန့်သွားစေသည်။ ဒီလောက်ထိနီးနီးကပ်ကပ်ကိုတီးနေတာကြောင့်ထည်ကိုယ်လျှောက်နေတဲ့လမ်းများမှားနေလား ပြန်ကြည့်လိုက်မိရင်း
အတက်နိုင်ဆုံးဘေးသို့တိုးကပ်ပေးလိုက်၏။
ဟွန်းတီးသံကရပ်မသွားတဲ့အပြင်မမျှော်လင့်ပဲ ကားကသူနဲ့ပိုနီးကပ်လာပြီး ကားမှန်ချလိုက်တဲ့အခါ အထဲကမိန်းကလေးတစ်ယောက်ရဲ့ချိုအီအီအသံလေး
ကထွက်လာသည်။

"ကိုခန့်ထည့်သော်... မဟုတ်လားရှင့်''

ထည့်မှာ မိန်းကလေးသူငယ်ချင်းတစ်ယောက်မှ မရှိတာကြောင့် ကားထဲရှိမိန်းကလေးရဲ့အသံရော
ရုပ်ရောကိုပါသူမရင်းနှီး။

မွေးစားညီလေး [COMPLETE]Where stories live. Discover now