အပိုင်း ၁၅

18.6K 935 59
                                    

Unicode

သတ္တိထွက်လာပြီးမှ ပိုက်ဆံအိတ်ရောဖုန်းပါကားထဲ
ကျန်ရစ်ခဲ့မှန်း သတိရသည်။ ဘယ်လောက်တောင်
အသျိစိတျကပျမနလေဲ အဲ့ဒါသာကြည့် ပြောချင်ရာ
ပြောပြီး ရှောင်ပြေးလာဖို့ပဲတက်တယ်။

ပြောခဲ့တာတွေကိုပြန်စဥ်းစားမိတိုင်း သူ့ကိုယ်သူပဲ
ထုရိုက်ပစ်ချင်၏။ သေချာတယ်အဲ့စကားက ထည့်ကို စိတ်ထိခိုက်စေပြီး သူ့ကိုမုန်းသွားစေလောက်တယ်။ ဒါဆို ထည်လည်းသူ့ကိုအရင်အတိုင်းမုန်းပြီး စိတ်ထဲမရှိလောက်တော့ဘူး ။ သူတို့ကြားထဲ အပျော်အပျက်အနေနဲ့နမ်းခဲ့တဲ့အရာတွေလည်း ပျောက်သွားလောက်မယ်။ အဲ့အခြေအနေက အရမ်းကောင်းတယ်။

ဒါကြောင့်ပျော်ရွှင်နေရမှာလေ သတ္တိရယ် မင်းဘာကြောင့်ကျောက်ရုပ်ကြီးလို အသက်မပါတဲ့ပုံစံဖြစ်နေရတာလဲ..
ခုတောင်တွေးမိနေတာက တစ်ခုတည်း အရင်အတိုင်းပြန်ဖြစ်သွားနိုင်လား။ မဟုတ်ရင် အရင်ကထက်ပိုပြီးများ ထည်ကသူ့ကိုမုန်းသွားလောက်လား...။

"ဘုတ်..."

"Shittt! သေစမ်း!"

ခြေသလုံးနားကို Basketball ဖြတ်ကန်ခံလိုက်ရတဲ့အရှိန်ကြောင့်သတ္တိဒူးတစ်ဖက်ညွတ်ကြသွားသည်။
ဘယ်ကလေကဝတွေက မျက်လုံးကန်းနေလို့လူတစ်ယောက်လုံးကို မမြင်တာလားဟုသတ္တိ အော်ဆဲလိုက်ချင်ပေမဲ့သူ့ရပ်ကွက်လည်း ဟုတ်မနေတာကြောင့် အသာငြိမ်နေလိုက်ရသည်။

အားကစားဝတ်စုံနဲ့ကောင်လေးနှစ်ယောက်က သူ့အနားသို့အလောတကြီးပြေးလာရင်း...

"ဆောရီးပါဗျာ.. ကျွန်တော်တို့နှစ်ယောက် ကစားတာ
အရှိန်လွန်သွားလို့ပါ..."

" လမ်းလျှောက်တာပဲ မျက်လုံးကကြည့်လျှောက်ပေါ့"

"ဘာ!"

ဒုတိယကောင်လေးပြောလာခဲ့သည့် စကားကြောင့်
သတ္တိဒေါသတို့က ထောင်းခနဲ။ လူပါးဝလို့များကွာ
ငါလမ်းလျှောက်လာတာက လူသွားလမ်း သင်းတို့ကသာ လူလျှောက်တဲ့လမ်း ကျဥ်းကျဥ်းကျပ်ကျပ်မှာ
သောက်ကမြင်းကြောလာထပြီးတော့များ..။

"ဒေးရာ...ကိုယ့်ထက်အကြီးကို မင်းဘယ်လိုပြော
လိုက်တာလဲ... ငါတို့ကမှားတာလေကွာ..."

မွေးစားညီလေး [COMPLETE]Where stories live. Discover now