အပိုင်း ၂၃

15.5K 863 25
                                    

Unicode

ဒိုင်ယာရီမှတ်စုထဲမှာတော့ ထည့်ရဲ့နေ့စဥ်ဝတ္တရားတစ်ခုလိုဖြစ်နေတဲ့ တိအကြောင်းရေးမှတ်ထားမိခြင်းတွေ။ အကြိမ်ကြိမ် ပြန်ဖတ်တိုင်း ခံစားချက်တွေဟာဘယ်လောက်ထိလေးနက်မိကြောင်း တွန့်တက်သွားတက်တဲ့နှုတ်ခမ်းကအပြုံးတွေကသက်သေ။
ရုတ်တရတ်ပါပဲအသံမပေးဘဲအခန်းထဲဝင်လာသည့်
ဖေဖေ့ကြောင့် စာအုပ်ကိုအံဆွဲထဲ ထိုးသိပ်ထည့်လိုက်ရသည်။ဖေဖေရဲ့အကြည့်တွေကအံဆွဲထဲကစာအုပ်ဆီကမလွှဲသေးတာမို့အပြစ်လုပ်မထားတဲ့ထည်ကပဲ ဘာကြောင့်အမှားလုပ်ထားသလိုခံစားနေရလဲတော့မသိ။

"ကိစ္စရှိလို့လား ဖေဖေ"

"မြစ်ကြီးနားဘက်သွားစရာရှိတာ အဝေးပြေးမောင်းနေကြကားဆရာက သမီးလေးနေမကောင်းလို့မလိုက်နိုင်သေးတာနဲ့ခွင့်ပေးထားတာ... အဲ့ဒါသားထည်ကိုခေါ်သွားမလို့... ခရီးဝေးမောင်းလို့ အဆင်ပြေတယ်မလား... "

တကယ်ဆို အဲ့ကားဆရာမဟုတ်ဘဲအခြားလူကို
ခေါ်သွားလဲရသားနဲ့ ဖေဖေကသူ့ကိုဘာကြောင့်
ခေါ်ရတာပါလိမ့်။ စာမေးပွဲတွေလည်း ပြီးသွားပြီမို့
ထည်လည်းအားနေသေးရာ မငြင်းချင်။ ဒါပေမဲ့လည်း ငြင်းချင်ပြန်သည်။ အကြောင်းကား
ကိုတိနဲ့သူ့အကြား အနည်းငယ်အဆင်ပြေပြေရှိလာနေချိန်မှ ခွဲရဦးမည်။ ဒါတောင်ကိုယ်ကသူ့ကိုပိုင်ဆိုင်
နိုင်ပြီဆိုတဲ့အခြေအနေမျိုးတောင်မဟုတ်သေး။
ဒါပေမဲ့လည်း...

"ဟုတ် ရတယ်ဖေဖေ... "

သူပြောတော့ဖေဖေကခေါင်းတစ်ချက်ပုပ်ပေးရင်း
ပြုံးကာ...

"ဒါဆို အဝတ်အစားထည့်ထားတော့..."

"ဘယ်နှစ်ရက်ကြာမှာမလို့လဲ ဖေဖေ"

"အင်း.. အလွန်ဆုံးမှတစ်ပတ်လောက်ပေါ့..."

တစ်ပတ်ဆိုတဲ့အချိန်အတိုင်းအတာက ဖင်လှည့်
ခေါင်းလှည့်ဖြင့်ပြီးဆုံးသွားမည်ဆိုပေမဲ့လည်း
သူတော့အဲ့ဒီပြန်ခံပြော၊နားမထောင်လေးကိုလွမ်းနေရတော့မှာပဲ။ ကိစ္စတော့မရှိ။ သူခရီးထွက်ရင်
ကားသော့ကိုပါတစ်ခါတည်း သိမ်းသွားမှာဖြစ်၏။

"မနက်ဖြန်လောက်သွားရမှာမို့ ပြင်စရာရှိတာပြင်ထားလိုက်နော်ထည်..."

မွေးစားညီလေး [COMPLETE]Where stories live. Discover now