အပိုင်း ၁၆

18.6K 902 80
                                    

Unicode

ပိတ်ရက်မို့အိပ်ရေးဝဝအိပ်ချင်တဲ့ခံစားချက်ကိုကျယ်လောင်တဲ့ဖုန်းသံကနှောက်ယှက်တာခံလိုက်ရသည်။ ညကအရက်ရှိန်ကြောင့် သတ္တိခေါင်းတစ်ခုလုံးထိုးကိုက်နေရာ လူကလှုပ်ရှားချင်စိတ်မရှိ။ ဖုန်းသံကိုလျစ်လျူရှုလိုက်ပေမဲ့ အကြိမ်ရေများလာတော့ သူအဆင်မပြေတာကြောင့် Contact nameပင်မကြည့်ပဲကောက်ကိုင်လိုက်သည်။

"ဘယ်သူလဲ... !? "

မေးလိုက်တဲ့အသံမှာ စိတ်အနှောက်အယှက်ဖြစ်နေသောခံစားချက်တို့ကအပြည့်ဖြစ်သည်။

"အသံကြားရင်မှတ်မိမှာလား... "

"သြော်... သီရိလား.. "

"သီရိကဘယ်တစ်ယောက်လဲကိုကို... "

"အမ်... ?!"

သေစမ်း... !သူလူမှားမိသွားတာလား..
အခုမှအိပ်ချင်နေတဲ့မျက်လုံးကိုအသာပွတ်သပ်ရင်း
သူကုတင်ပေါ်ငုပ်တုပ်လေးထိုင်လိုက်သည်။

သူထိုင်နေတုန်းမကြာလိုက် အခန်းတံခါးဖွင့်ပြီးဝင်လာသူကြောင့်မျက်လုံးတို့ပြူးကျယ်သွားရင် စောင်ကိုခါးနားထိခြုံလိုက်သည်။ အရင်ကတော့ ယောကျာ်းလေးခြင်းကိစ္စမရှိဟုတွေးခဲ့ပေမဲ့ ခုတော့ သူကိုယ်တိုင်လဲဘာဖြစ်မှန်းမသိ
ဝတ်ထားတဲ့ ဘောင်းဘီကပေါင်ထိပေါ်နေတဲ့ဟာမို့
သူအနေရခက်စွာ လည်ကုတ်ကိုပွတ်လိုက်ရင်း...
အဲ့ဒါထက်သူ့ကိုညကအဝတ်လဲပေးတာ ဒီကောင်လေးလား?

"အခန်းတံခါးကို အရင်ခေါက်..."

"မနိုးသေးဘူးထင်လို့... "

လက်ထဲကယူလာတဲ့ သံပုရာရည်ခွက်ကို သူ့ဘေးစားပွဲခုံပေါ်အသာချလာပေးသည်။ ထို့နောက်မသွားသေးပဲသူ့အားထိုးဖောက်မတက်စိုက်ကြည့်နေသော မျက်ဝန်းတွေကြောင့် သတ္တိ နေရခက်စွာပဲအခန်းထဲကထွက်သွားဖို့အချက်ပြလိုက်၏။ ဒါတောင်ကိုယ်တော်ကနည်းနည်းမှမလှုပ်....

"အဟမ်း....!ဆောရီးကွာ...မီမီသက်ကျော်မလား
ကိုကိုကအသံကိုမှတ်မိတာပေါ့ကွာ..."

မမှတ်မိရင်ကမှ ထူးဆန်းနေမည်။ သတ္တိယခုထက်ထိ
သူငယ်ချင်းလိုတစ်မျိုး၊ရည်းစားလိုတစ်ဖုံ ဆက်ဆံတက်သည့်အထဲ ဒီမိန်းကလေးနှင့်ကအကြာဆုံးပဲဖြစ်သည်။

မွေးစားညီလေး [COMPLETE]Where stories live. Discover now