Unicode
ထည်တိုက်ခန်းထဲပြန်ဝင်လာတော့ ဧည့်ခန်းထဲမှာငြိမ်ငြိမ်သက်သက်ထိုင်နေကြတဲ့ နေထက်နဲ့မီမီသက်ကျော်တို့စုံတွဲ။ တကယ်ဆိုဒီနေ့က ချစ်သူတွေအတွက်ပျော်စရာအခိုက်အတန့်လေးကိုဖန်တီးခွင့်
ရမဲ့နေ့ထူးနေ့မြတ်လေးပဲဖြစ်သည်။ အခုတော့ အသည်းကွဲသွားတဲ့ထည်က သူတို့အတွက်ပါရယ်စရာကောင်းနေမလား။ နှစ်ယောက်လုံးကတော့
စိတ်မကောင်းသလိုကြည့်နေကြရင်း ထည်ဘာပြောလာမလဲစောင့်နေကြသည်။"ကိုကို အဆင်ပြေရဲ့လား..."
"ငါမှားတာပါထည်ရာ ငါသာတံခါးသွားဖွင့်ပေးလိုက်ရင်အခုလိုဖြစ်မှာမဟုတ်ဘူး။ အရေးအကြောင်းဆို
ဒီဗိုက်ကလည်းနာနေတာနဲ့ ဒီနေ့ကြမှချီးကြောကရှည်နေရတယ်လို့...တောက်!""စားခါသောက်ခါနီးကိုရွံစရာတွေမပြောပါနဲ့လား ကိုရာ..."
မီမီသက်ကျော်ကစတီခုံပေါ်မှာတင်ထားသည့်ခေါက်ဆွဲကြော်ပန်းကန်တွေကိုမျက်စပစ်ရင်းပြောလိုက်ခြင်းဖြစ်သည်။ နေထက်ကအားနာသွားသလို
တောင်းပန်လိုက်သည်။"ဆော... ဆောတီးပါကွာ..."
တကယ်ဆိုဒီတိုက်ခန်းကိုထည်ရောက်နေတာလည်း
မီကျော်ကဒီနေ့မှသိရတာဖြစ်သည်။ နှစ်ယောက်သား
ပျော်ပျော်ပါးပါးလျှောက်လည်နေတာက ချစ်သူရည်းစားတွေအတွက် ပျော်စရာဆိုပေမဲ့လည်း အဆင်မပြေဖြစ်နေတဲ့သူငယ်ချင်းကို အိမ်မှာထားခဲ့ပြီး အပြင်လျှောက်လည်ပတ်ဖို့ထိတော့ နေထက်တို့ကတစ်ကိုယ်ကောင်းမဆန်ချင်။တကယ်တော့သူ့အမှားဖြစ်နေမလား။ သူ့ကြောင့်သာမဟုတ်ရင် မီကျော်လည်းဒီကိုလာစရာအကြောင်းမရှိဘူးမလား။"ကိုကို မီမီရှင်းပြလိုက်ရင်တော့အဆင်ပြေမှာပါ
အခုပဲဖြစ်ဖြစ် ကိုကို့ဆီဖုန်းဆက်ပြီးရှင်းပြလိုက်မယ်လေ...""မဟုတ်သေးဘူး မီမီ... အခုချိန်ဆက်သွယ်လည်းဖုန်းပိတ်ထားလောက်တယ်။ ငါစိတ်ပူတာ
သူအိမ်ကိုကောင်းကောင်းပြန်ရောက်ပါ့မလားလို့။
ကားကို ကိုယ်တိုင်မောင်းသွားတာကွ အရှိန်လည်း
များတယ်...""အရမ်းစိတ်ပူနေရင် တစ်နာရီလောက်နေမှဆက်ကြည့်လိုက်ပါလားထည် မင်းအဖေကိုပဲဖြစ်ဖြစ်ပေါ့။
မင်းနိုင်ငံခြားမှာရှိမနေတာလည်း သိနေတာပဲကွာ"