Unicode"တီ...တီ... တီ... တီ"
ခြံထဲက ကျယ်လောင်စူးရှတဲ့ကားဟွန်းတီးသံကြောင့်
မဟာသတ္တိမျက်နှာသည် နဂိုထက်ပင်ပိုလို့တောင်
ဆူပုပ်နေတော့သည်။ မနေနိုင်စွာနဲ့ပဲပြတင်းပေါက်လိုက်ကာစကိုဟလိုက်ရင်း ထိုအပေါက်ထဲကနေခိုးကြည့်မိသည်။လျှာထိုးဦးထုပ်အစိမ်းရောင်လေးနဲ့ ဖြူလွလွတီရှပ်အဖြူရောင်ကိုဒူးဖုံးသာသာ ဂျင်းဘောင်းဘီတိုလေးနဲ့ဝတ်ဆင်ထားသော ကောင်လေးသည်ကားထဲကဆင်းလာသည်။
မွေးရာပါကြည်လင်ပြီးဖြူဖွေသောအသားအရည်ရှိတဲ့
အနှီစုတ်တီးစုတ်ပဲ့ ကောင်လေးကို ဦးလေးဖြစ်သူအိမ်ကိုသွားတုန်းက သူမှတ်မိနေသည်။ထိုအချိန်က မဟာသတ္တိ
သည်၆တန်းကျောင်းသားအရွယ်ဖြစ်တာကြောင့် လူကြီးတွေရဲ့စကားဝိုင်းကို သူသိသင့်သိထိုက်သလောက်နားလည်နေပြီဖြစ်သည်။ထိုမိဘမဲ့ဖြစ်တဲ့ သူ့ဦးလေး ဦးမြန်အောင်ရဲ့မွေးစားသားလေးက ယခုတော့ သတ္တိတို့အိမ်ကိုတောင် ရောက်လာခဲပြီဖြစ်သည်။ ဆုံးပါးသွားတဲ့ဦးလေးဖြစ်သူရဲ့သက်ညှာမှူကြောင့် ယခုတော့ သတ္တိမှာညီလေးတစ်ယောက်ကိုနေ့ချင်းညချင်းပင် ကောက်ရတော့မည်ဖြစ်သည်။
သူကလေးလုပ်ပြီးဆိုးခွင့်မရတော့သလို အနိုင်ယူ
ဗျိုလျကခြှငျ့လဲမရှိတော့ အရာရာကို အလျှော့ပေးပြီး
သူ့မှာအကိုကြီးရာထူးတက်ရတော့မည်ဖြစ်သည်။သေချာပေါက်သူလုံးဝ စိတ်မပျော်ရွှင်နိုင်ပါ။
ယခု တိအသက်က၁၄နှစ်ရှိပီဖြစ်ရာ အလယ်တန်း
ကျောင်းသားပင်ဖြစ်လာနေပြီ။ သူအကြီး မဖြစ်ချင်
သလိုဘယ်တုန်းကမှလဲ ညီအကိုမောင်နှမဆိုတာ
မျိုးကို မလိုချင်ခဲ့မိ။ငယ်ငယ်တုန်းကသူ့ကိုမေမေအမြဲပြောခဲ့တဲ့ စကားတချို့ကို ယခုမှအဓိပ်ပါယျပွနျဖောျနမေိသညျ။
"တိ... မေမေသားအတွက် ကလေးလေးတစ်ယောက်မွေးပေးမယ်လေ ညီလေး လိုချင်လား ညီမလေးလိုချင်လား"
တိကဟန်မဆောင်နိုင် မျက်နှာတပြင်လုံးရှုံ့တွလာကာ
ချက်ချင်းကို ငြင်းဆန်တော့သည်။