Unicode
ကားဟွန်းတီးသံကြားတာနဲ့ ဒေါ်ခင်ပပ ခြံထဲကို
အလောတကြီး ပြေးထွက်လာသည်။ တိကသာ
ကျိုယျ့အသကျနဲ့ရငျးပွီးမှေးထားရတဲ့ တစ်ဦးတည်း
သောသားလေးမို့ အချစ်သည်းရတယ်ဆို ထည့်ကို
လည်းမွေးစားသားမို့ဆိုပြီး တိထက်မပိုလျှင်တောင်
မလျော့ပါ။ငယ်ငယ်ထဲက ဗိုလ်ကျချင်တဲ့တိက
သားထည်နဲ့ဆိုရင်လည်း တကယ့်ကိုအဆိုးလေး။သားထည်လောက်လည်း တိအပေါ်ကိုသည်းခံပြီး
ချစ်ပေးသူမရှိ၊ ဂရုစိုက်ပေးသူမရှိသည်ကြောင့်
ဒေါ်ခင်ပပအနေနဲ့တော့ သားထည်နဲ့သာဆို တိကို
အလုံးစုံစိတ်ချသည်။ ယခုလည်း သူ့အကိုဖြစ်သူကို
သွားခေါ်တာတောင် အဖေဖြစ်သူသိရင်ဆူခံရမှာ
စိုးတာနဲ့ ဖေဖေ့ကိုလှမ်းမတိုင်ဖို့
မအေဖြစ်သူကိုဖုန်းထဲကအတန်တန်မှာရှာသည်။
ထည့်ရဲ့ ဂရုစိုက်ချစ်ခင်မှုတွေကို
တိလေး တစ်နေ့နေ့တော့မြင်နိုင်ပြီး နားလည်သွားဖို့
မျှော်လင့်သည်။ ဘယ်လိုဖြစ်ဖြစ် သူ့သားတွေအဆင်ပြေတာကိုသာအမြင်ချင်ဆုံးမလား။ထည်အိမ်ရဲ့ဆင်ဝင်အောက်ထဲ ကားထိုးရပ်လိုက်သည်နှင့်ပုတီးစိပ်လေးကိုင်ကာရပ်စောင့်နေသည့်မေမေကိုတွေ့လိုက်ရသည်။ ကိုတိကိုကြည့်တော့ ဒူးတစ်ဖက်ကထောင်လျက်ဖြင့် ခေါင်းတစ်ခြမ်းစောင်းအိပ်ပျော်နေသည်ကလည်းအားရပါးရ။
"ကိုတိ.. ထတော့... ဟေ့... ကိုသတ္တိ!!! "
"ဟမ်..ဟမ်... ."
အိပ်ချင်မူးတူးဖြင့် ဟိုဒီကြည့်လိုက်ရင်းမှ
တိ ကားအပြင်ဘက်မှာရပ်စောင့်နေသည့် မေမေ့ကို
တွေ့လိုက်ရသည်။"မြန်ချက်ပဲ ရောက်လာတာ..."
"အိပ်နေတာဖြင့် ၄ရေးလောက်ရနေပြီကို..."
ထည့်ကိုမျက်စောင်းထိုးရင်း ဝှားခနဲ သန်းကာကားထဲကဆင်းလာတဲ့သတ္တိ။
ဒေါ်ခင်ပပကတော့ ပုတီးစိပ်ကိုင်လျက်
ဒေါသတကြီးကြည့်နေပုံက သတ္တိကိုစိတ်ဆိုးနေဟန်။
မေမေကစိတ်ဆိုးခဲသည်မို့ သတ္တိမျက်နှာချိုသွေးဖို့
ပြင်ရသည်။"နောက်တောင်ကျနေပြီ မအိပ်သေးဘူးလားမေမေရ"
သူပြောရင်း လုပ်နေကျအပြုအမူအတိုင်း
ခါးကနေပွေ့ကာဖက်တော့ မေမေကလက်တွေကို
ရိုက်ချသည်။