Unicode
မန္တလေး၊မြစ်ကြီးနား ဆက်သွယ်ထားရာအကွေ့
အကောက်များတဲ့လမ်းမကြီးတွေကိုထည်ကကျွမ်းကျွမ်းကျင်ကျင်ပဲမောင်းနိုင်ပါသည်။ရောက်တုန်းရောက်ခိုက် ဘုရားလည်းဖူးကြမည်ဟုဆိုရင်း ဖေဖေနားဖို့စီစဥ်ထားရာ အိမ်မှာပဲသူတို့၂ရက်ခန့်နေဖြစ်ကြသည်။ အခုတော့ မနက်စောစောရေလည်ဘုရားကို
ရောက်ဖြစ်နေကြခြင်း။ တစ်နှစ်မှာတစ်ခါပဲရေလည်မှာပေါ်သည်ကြောင့် လာရောက်ဖူးမျှော်ကြသူတွေကများတော့များသည်။ရေလည်ခေါင်မှာတည်ထားတဲ့ဘုရားဖြစ်သည်ကြောင့် မဖြစ်မနေထည်တို့လှေစီးရဖို့တော့လိုတာပေါ့။
တစ်ဆက်တည်းမှာပဲ ကိုတိသာလိုက်လာခဲ့ရင် ရေကြောက်တက်သူကလှေစီးရဲမည်မဟုတ်ကြောင်းတွေးမိသေးသည်။သေချာပေါက် ကိုတိိအိမ်မှာပဲကျန်နေခဲ့တာအဆင်ပြေသည်။ ဖေဖေနဲ့သူ့မိတ်ဆွေကအရှေ့ကနေစကားတပြောပြောသွားကြသည်မို့ ထည်ကအနောက်ကနေသာဟိုဒီလျှောက်ကြည့်ရင်းလိုက်လာခဲ့သည်။ထည်တစ်ယောက်တည်းလျှောက်နေရင်းဘုရားပေါ်မှာ အကြွေလေးတွေဖြစ်ဖြစ်စွန့်ကြဲပေးဖို့လက်ဖဝါးနှစ်ဖက်ဖြန့်တောင်းနေသည့်ကလေးလေးတွေကိုမြင်တော့လည်း အိတ်ကပ်ထဲပါလာသည့်ထောင်တန်
လေးကို ကမ်းပေးခဲ့မိသည်။ထည်ကသူတို့လေးတွေ
ထက်သာပါသည်။ ငယ်ငယ်လေးထဲက ထည့်မိဘ
အရင်းတွေဘယ်လိုပုံစံရှိလဲမသိရပေမယ့် ဖေဖေဦးလင်းညိုနဲ့ဖေကြီးဦးမြန်အောင်တို့ရဲ့မွေးစားခြင်းကိုခံခဲ့ရသည်။ ဖေဖေတို့ဆုံးသွားပြီးနောက်ပိုင်း ဖေဖေလင်းညိုဘက်ကအဒေါ်ဖြစ်သူနဲ့နေရတော့လည်း
ခက်ခဲခဲ့ရတယ်မလား။ စားပေါက်တစ်ခုပိုလာပြီး
ဘာမှခိုင်းစားမရသေးသည့်အရွယ်လေးဆိုတော့
သူများအိမ်မှာသူများမျက်နှာကြည့်ပြီးနေထိုင်ရင်း
ခက်ခဲခဲ့သည့် ထည့်ဘဝပဲဖြစ်သည်။ လောကဓံက
အဲ့လောက်ဆိုးရွားမနေခဲ့လို့သာ သူဖေဖေဦးခင်အောင်နဲ့မေမေဒေါ်ခင်ပပတို့လိုလူမျိူးနဲ့ရေစက်ဆုံခဲ့ရခြင်း။အဲ့လိုအဖိုးတန်တဲ့ရေစက်လေးကြောင့်လည်း တန်ဖိုးထားချစ်ပေးချင်စရာ လူတစ်ယောက်နဲ့တွေ့ခဲ့ရတာပဲဖြစ်သည်။ ဒီလိုဘဝကောင်းကိုရဖို့အတွက်
စောင့်ရှောက်ပြီးနွေးထွေးပေးခဲ့တဲ့ ဖေဖေနဲ့ မေမေရဲ့
ကျေးဇူးတရားတွေကို ထည်ဘယ်တော့မှမေ့မည်မဟုတ်။