အပိုင်း ၅

24.3K 1K 36
                                    

Unicode

ကားပြိုင်ပွဲကထွက်လာပြီးတဲ့နောက် ထည်ဘယ်လိုကျန်နေခဲ့မလဲတွေးနေရင်း သူလွန်များသွားလားဆိုသောအသိကခေါင်းထဲရောက်လာသည်။ သူသာ
ထည်နဲ့ဘာပတ်သတ်မှု
မှမရှိဘဲ သာမန်တွေ့ဆုံမှုအဖြစ်နဲ့သာ ဆုံစည်းခဲ့ရင်
သူတို့ကြားမှာပိုပြီး အခုထက်အခြေအနေကောင်း
တွေအများကြီးရှိလာနိုင်သည်။

သူထည်ကို မမုန်း ဒါပေမဲ့လဲ နှစ်ယောက်က
မျက်နှာချင်းဆိုင်အနေအထားနဲ့ရှိလို့ရသည့်
ဆက်ဆံရေးမျိူးမှာလဲမဟုတ်။

အခုလောက်ဆို သူဖေဖေ့ကိုဒီကိစ္စပြန်တိုင်ပြီးနေလောက်ပြီလို့တွေးမိတိုင်း ဒေါသတလိပ်လိပ်
တက်လာသလို အနည်းငယ်လဲကြောက်မိနေ၏။

ကားပြတင်းဘောင်ပေါ်လက်မှီတင်လိုက်ရင်း လက်ညှိုး
လေးနဲ့ခေါင်းကိုအသာအယာပွတ်နှိပ်မိကာ စိတ်ညစ်စေ
တဲ့အတွေးတွေကို အတက်နိုင်ဆုံးဖျောက်ဖို့ ကြိုးစားနေမိသည်။

အကယ်၍များဖေဖေအိမ်ပြန်ရောက်လို့သိသွားပြီဆို
သူဘယ်လိုဖြေရှင်းချက်ပေးရမလဲဆိုတာ အခုထိကောင်းကောင်းအဖြေကမထွက်။ ဒိီတခါတော့
တကယ်ကို သွားပြီပဲ။

ရုတ်တရတ်ကားစက်ရပ်သွားတာကြောင့်
တိ အတွေးတွေပါရပ်လိုက်ရသည်။
ဒီလောက်ခရီးဝေးကြီးကို ဆီထပ်ဖြည့်
ဖို့မေ့လာခဲ့မိသည်။လက်ကနာရီကိုတချက်ကြည့်ရင်း
အပြင်ကိုပါ ကြည့်မိတော့မှောင်နေပြီဖြစ်ရာ သူပိုပြီး
စိုးထိတ်သွားတာအမှန်။ သူငယ်ချင်းတွေဆိီကို ဖုန်းဆက်ချင်ပေမဲ့ သူတကူးတကကြီးထွက်လာစေပြီး
ဒုက္ခမပေးမိချင်ပြန်တော့။

တိကားထဲကနေဆင်းလာတာနဲ့ အပြစ်မရှိတဲ့
ကားဘီးကိုသာ
အားပြင်းပြင်းဖြင့်တစ်ချက်ပိတ်ကန်မိလိုက်ပြီး

"အရေးအကြောင်းဆို တစ်ခုပြီးတစ်ခုဖြစ်နေလိုက်တော့"

အဝေးကလာနေတဲ့ကားကို တိခါးပေါ်လက်ထောက်ပြီး
ရပ်စောင့်နေလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ဒါခန့်ထည်သော်ရဲ့ကားသာဖြစ်နိုင်ပြီး သူ့ကိုတင်ခေါ်သွားမှာအသေချာပဲဟူသည့်ယုံကြည်စိတ်တွေဖြင့်
သူရပ်စောင့်နေမိသည်။

မွေးစားညီလေး [COMPLETE]Where stories live. Discover now