အပိုင်း ၃၄

18.7K 716 56
                                    

Unicode

ထည်ပြောလိုက်တဲ့စကားကိုကြားပြီးတဲ့နေ့ထဲကနေထက်ကငိုအားထက်ရယ်အားသန်နေသည်။နှစ်ယောက်ကယှဥ်လိုက်ရင် ထည်ကဒါမျိုးမဖြစ်သင့်ဘူးဆိုတဲ့သူငယ်ချင်းကိုနှမြောတသဖြစ်စိတ်ကလည်းပါနေသည်။ ယောကျ်ားလေးနဲ့မိန်းကလေးကြားထဲက ကိစ္စကတော့အထွေအထူးရှင်းမပြလည်း
လူတိုင်းသိနေကြဆိုပေမဲ့ လိင်တူယောကျာ်းလေးနှစ်ယောက်ကိုတော့ဖြင့် ဘယ်သူကအပေါ်မှာရှိသင့်တယ် ဘယ်သူကတော့ဖြင့်အောက်မှာနေသင့်တယ်ဆိုတဲ့ အတွေးအခေါ်ပိုင်းကတကယ်ကိုမတွေးသင့်ဘူးထင်သည်။ ဒါပေမဲ့လည်းနေထက်ကိုယ်တိုင်က
ဒီဘက်ခေတ်စားနေတဲ့အသုံးအနှုန်းအရ Fujoshiဆိုတဲ့မိန်းကလေးနဲ့မှ ချစ်သူဖြစ်ထားရတော့ တခါတလေသူကပါကိုယ့်ကို အောက်ပို့ဖို့ကြံနေတာကိုထုတ်ပြောပြီးစနောက်တက်သေးသည်။ ဒါတော့မီမီသက်ကျော်ရဲ့အတွေးတွေကိုနေထက်လည်းတခါတလေနားမလည်။ အခုကိစ္စကိုတော့ သူတို့သူငယ်ချင်းနှစ်ယောက်ပဲသိထားပြီးနေထက်က ထိုညကခံစားချက်ကဘယ်လိုလဲဆိုတာကိုခဏခဏမေးလွန်းလို့ ထည်ကမအီမသာမျက်နှာနဲ့လက်သီးနဲ့လာလာရွယ်တက်သည်။

"အဲ့တော့မင်းကရှက်ရမ်းရမ်းပြီး အိမ်မပြန်တော့ဘူးပေါ့..."

တစ်ပတ်ကျော်အနားယူပြီးနောက် အဖျားငွေ့ကနည်းနည်းပဲကျန်တော့တာမို့ကုတင်ပေါ်လှဲပီးအနားယူနေတဲ့ ထည့်ကိုမေးငေါ့ပြီးမေးသည်။

"ရှက်လို့မဟုတ်ပါဘူးကွာ... ကြောက်တာ..."

"ဘာလဲ နောက်တစ်ခါထပ်ပြီးအောက်မှာနေနေရမှာကိုလား...။"

"သွားစမ်းပါခွေးကောင်ရာ!လူတစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်ရင်အဲ့ဒါတွေမလိုဘူးကွ မင်းသိလား။ "

မလိုအပ်ဘူးဆိုပေမဲ့လည်း အဲ့ဒီနေ့တည်းကထည်ဆုံးဖြတ်ခဲ့တာသူနောက်တစ်ကြိမ်ဆိုတာမျိုးထပ်မရှိဘူး။ ကိုမဟာသတ္တိရဲ့အောက်မှာ သူလုံးဝနေမပေးတော့ဘူးဆိုတာပဲ။

"ငါကြောက်တာ သူစိတ်မပြေသေးမှာကိုပဲ။
အဲ့ဒါတွေထက်သူငါ့ကိုတကယ်မလိုအပ်တော့ဘူးဆိုပြီး သူ့ပါးစပ်ကထုတ်ပြောလာမှာကို ငါကိုယ်တိုင်ကြားလိုက်ရမှာကြောက်တယ်"

မွေးစားညီလေး [COMPLETE]Where stories live. Discover now