Unicode
ကျိန်းစပ်နေတဲ့မျက်လုံး၊ထိုးကိုက်နေတဲ့ခေါင်းတစ်ခြမ်းနဲ့အတူ တိနိုးလာခဲ့သည်။ နိုးနိုးချင်းခံစားလိုက်ရသည်က တစ်ကိုယ်လုံးကအားတွေယုတ်လျော့ပြီး ကိုက်ခဲနေတာပဲဖြစ်သည်။ညကထည့်အပေါ်သွန်းလောင်းမိလိုက်တဲ့ ခွန်အားတွေရယ်၊သူဘယ်လောက်ယောကျာ်းပီသကြောင်းရယ်ကိုတော့ဆိုဖာပေါ်က သူတို့စွန့်ပစ်လိုက်သည့်အရာတွေကသက်သေ။ သူအတန်တန်တားလျက်နဲ့ တိုးဝင်လာတာထည့်အမှားဆိုပေမဲ့ တိကိုယ်တိုင်လည်းမှားမိတာပဲလေ။ ဘယ်လောက်ပဲအသိစိတ်လွတ်သည်ပြောပြောသူထည့်ကိုနာကျင်စေမိပြီ။ ပြီးတော့မနေ့ကအဖြစ်အပျက်တွေကိုပြန်မြင်ပြီး ခန့်ထည်သော်ဆိုတဲ့ခွေးကောင်လေးကို သူအရမ်းချစ်မိသွားမှန်းပိုခံစားလို့ရသွားသည်။ ဘေးကလူမရှိတဲ့ဗလာသက်သက်ဆိုဖာဆီကနေအကြည့်လွှဲလိုက်ပြီး ယိုင်နဲ့နဲ့ခန္ဓာကိုယ်နဲ့ကြိုးစားပြီးထသည်။ အိမ်ပြန်မှဖြစ်မည်။ ထည်သူ့ကြောင့်နာကျင်သွားရတာမို့ ထည့်တစ်ဘဝလုံးကိုတာဝန်ယူပေးဖို့ သူ့မှာတာဝန်ရှိသည်။ ဘယ်မိန်းကလေးလက်ထဲမှ ထည့်မပေးနိုင်။ အဲ့ဒါထက်ထည်အိမ်မှာရှိမနေရင်ရော ဆိုတဲ့အတွေးနဲ့တုန်လှုပ်မိသည်။ ထည်ရှက်နေတာနေမှာပါ။ အိမ်မှာရှိနေလောက်မှာပါဆိုတဲ့အတွေးနဲ့ ကြမ်းပြင်မှာကျနေတဲ့အနွေးထည်ကိုကောက်ယူပြီး မဟာသတ္တိဆိုင်ထဲကထွက်လာမိသည်။ ဖရိုဖရဲနဲ့သူ့ပုံစံ၊ မူမမှန်ဘဲယိုင်လဲချင်တဲ့ ခန္ဓာကိုယ်နဲ့ခြေထောက်တွေကိုထိန်းလျှောက်နေတဲ့သူ့ကို ဆိုင်ကကောင်လေးကကူတွဲပေးဖို့လှမ်းလာပေမဲ့ သူလက်ကာပြလိုက်သည်။ အခုထိသူ့ခန္ဓာကိုယ်မှာစွဲကပ်နေသေးတဲ့ ထည့်ရဲ့ကိုယ်ငွေ့နွေးနွေးလေးကို အခြားသူရဲ့လက်ချက်နဲ့ပျောက်ပြယ်သွားမှာကိုစိုးမိတယ်...။
ခြံထဲဝင်လာတဲ့ကားသံကိုကြားတာနဲ့ ဦးခင်အောင်ရောဒေါ်ခင်ပပပါမတ်တပ်ရပ်လျက်မိသားဖြစ်သွားပြီး ဧည့်ခန်းထဲကထွက်လာကြသည်။ အိမ်ထဲဝင်လာတဲ့တိလည်း ဖေဖေနဲ့မေမေကိုတွေ့မှစိတ်ချသွားသလိုမျိုး
ခန္ဓာကိုယ်ကဗိုင်းခနဲပစ်လဲကျသွားသည်။ တခြမ်းတည်းထိုးအောင့်လာတဲ့ဗိုက်ကြောင့် ဘယ်လိုမှသည်းမခံနိုင်တော့။