Unicode
[This Chapter is Warning⛔]
ဒေါ်ခင်ပပဘဝမှာ အသက်အရွယ်နဲ့လိုက်တဲ့အတွေ့အကြုံအပြောင်းအလဲတွေအများကြီးကိုကြုံခဲ့ရပြီးဖြစ်သည်။ ကိုခင်အောင်နဲ့အိမ်ထောင်ကျတုန်းကလည်း ဒေါ်ခင်ပပတို့မိသားစုဘက်ကသိပ်သဘောတူခြင်းမရှိခဲ့တာအမှန်။တစ်ဦးတည်းသောသားဖြစ်တဲ့ တိငယ်ကိုမွေးပြီးတော့လည်းနောက်ကလေးထပ်ယူဖို့ဆိုတာ စိတ်ကူးနဲ့ပင်မရှိခဲ့။ တိကိုယ်တိုင်က တစ်ဦးတည်းသောသားအဖြစ်နဲ့ဆိုးပေဗိုလ်ကျချင်တာကြောင့် ထပ်မယူဖြစ်ခဲ့တာလည်းပါသည်။ဒါပေမဲ့ သားထည်ကိုမွေးစားခွင့်ရတုန်းကလည်း ကိုယ့်သွေးသားရင်းချာလေးလို သူအမှန်ချစ်နိုင်သည်။အဲ့ဒီလိုဘဝအတွေ့အကြုံအပြောင်းအလဲတွေအများကြီးထဲကမှ လွန်ခဲ့သောနာရီဝက်ခန့်ကခင်ပွန်းဖြစ်သူပြောလာသောစကားတွေသည် မထင်မှတ်ထားတဲ့ပြောင်းလဲမှုကြီးတစ်ခုဖြစ်နေခဲ့သည်။
"သားထည်ကတိကိုသံယောဇဥ်ရှိနေတယ်
ကိုယ်တို့သိထားသလို အကိုတစ်ယောက်အနေနဲ့တော့မဟုတ်ဘူး... အဲ့ထက်ပိုတယ်... "ထိုစကားကိုကြားပြီးတည်းက အတွေးများပြီးဒေါ်ခင်ပပအတန်ကြာငိုင်နေသည်။ ခင်ပွန်းဖြစ်သူပြောလို့သာနားထောင်ခဲ့ရပေမဲ့ လူကယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်။ ဘယ်လိုအဓိပ္ပာယ်ရှိနိုင်မှာလဲ။သားထည်ကတိငယ်အပေါ်ကို ထားသည့်စိတ်က ဟိုးတစ်ချိန်က မြန်အောင်မှသူ့လက်တွဲဖော်ဖြစ်တဲ့ယောကျ်ားတစ်ယောက်အပေါ်ထားသည့်စိတ်ခံစားချက်နဲ့အတူတူပဲဆိုတာ။အနေနီးလို့ သံယောဇဥ်တွယ်လွန်းသွားတယ်ဆိုရအောင်လည်း နှစ်ယောက်ကအရမ်းသင့်မြတ်နေကြတာလဲမဟုတ်။
ဒီသားနှစ်ယောက်ကို သူမျက်စိမမှိတ်ခင် ချစ်ချစ်ခင်ခင်ရှိနေကြတာကိုအမြင်ချင်ဆုံးလူကလည်း သူပဲမလား...။"ကိုအောင်.. ရှင်.. ရှင်အထင်မှားတာမျိုးဖြစ်မှာပါ
ဒါကဘယ်လိုလို့ဖြစ်နိုင်မှာလဲ..."အသံမှာသိပ်တော့အားမပါ။ ခုံလက်တန်းပေါ်သို့
လက်ထောက်လိုက်ရင်း ကိုက်နေတဲ့ ခေါင်းကိုအသာဖိကိုင်ထားမိသည်။ ဦးခင်အောင်ကသူ့မိန်းမရဲ့ပခုံးကို
အသာဖိကိုင်ပေးရင်း စိတ်မပူစေရန်နှစ်သိမ့်သည်။