အပိုင်း ၂၁

16.1K 823 30
                                    

Unicode

သတ္တိထည့်ရင်ဘတ်ကအကျီစကိုဆုပ်ကိုင်ရင်း
ကြောက်စိတ်ကိုဖြေနေမိဆဲ။ထည့်လက်မောင်းကို
ဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်က အားကလည်း
မသေး။ ထည်ကတိရဲ့နောက်ကျောဆီကနေသိုင်းဖက်ကာ လမ်းလျှောက်နိုင်အောင်လက်မောင်းတွေ
ကိုတွဲကူတော့လည်း ခွေခေါက်မလဲကျရုံတမယ်
ဒူးတွေကညွတ်ကျလာသည်။

သေချာပြန်ထိန်းကိုင်လိုက်ရင်း သတ္တိဘယ်လောက်ကြောက်နေမလဲဆိုတာ ထည်ခံစားလို့ရသလို ထည်ဘယ်လောက်စိုးရိမ်နေသလဲဆိုတာကိုလည်းသတ္တိခံစားမိနေလောက်၏။

"မဖြစ်ဘူး ခင်ဗျားလမ်းတောင်မလျှောက်နိုင်ဘဲနဲ့.."

ကိုင်ထားတဲ့လက်ကိုတော့မလွှတ်ပေးသေးဘဲ သတ္တိ
အရှေ့မှာကျောပေးရင်းဒူးတစ်ဖက်ထောက်ထိုင်
ချလိုက်သည်။ ဒီအတိုင်းလမ်းလျှောက်သွားဖို့တော့
မဖြစ်ပြီမို့...

"တက်... "

"ဘုန်းကြီးကျောင်းကြီးမှာ အမြင်မတင့်... "

"အဲ့ဒါကဘာအရေးလဲ လူကဖြင့်လမ်းတောင်မလျှောက်နိုင်ဘဲ အမြန်တက် ဒီထက်မှောင်လာရင် ခုနကထက်ပိုဆိုးတာတွေ ထပ်မြင်ချင်လို့လား..."

သူပြောလိုက်တာနဲ့ကျောပြင်ပေါ်သိုင်းဖက်တက်လာရင်းတိုးတိုးလေးပြောလာသည့်စကားက ဂရုဏာသက်ချင်စရာ

"ခွေးကောင်... မင်းနော် ငါကြောက်အောင် လျှောက်မပြောနဲ့.. "

"ဟွန်း... သူကြောက်တက်တာရှိသေးသား"

နောက်ဆုံးတော့လည်းဘုန်းကြီးကျောင်းထဲရောက်သည်အထိထည်ကပဲချီပိုးပြီးတာဝန်ယူခဲ့ရသည်သာ။
ဖေဖေနဲ့မေမေကလည်း စိုးရိမ်တကြီးဖြစ်နေပေမဲ့
မနက်ဆွမ်းကပ်ဦးမှာမလို့ ဘုန်းကြီးကျောင်းမှာပဲ
အိပ်ရဖို့အကြောင်းကဖန်လာပြန်သည်။ သတ္တိကတော့မျက်ရည်တရွှဲရွှဲဖြင့်ငြင်းဆန်ရင်း ဒီနေရာမှာဆက်မနေချင်တော့ကြောင်းသာတဖွဖွပြောလာ၏။ နောက်ဆုံးတော့လဲ ကျောင်းထိုင်ဘုန်းကြီးကပရိတ်ကြိုးလေးလက်မှာချည်ပေးရင်း ပရိတ်ရေပါတိုက်ပေးလိုက်တော့မှ ခုနကထက်စာရင်တော့ကြောက်စိတ်နည်းနည်းလျော့သွားသလိုပင်။ အရင်တည်းက ညအိပ်ဖို့အစီအစဥ်ရှိမယ်သာပြောရင် သတ္တိယောင်လို့တောင်လိုက်ခဲ့မိမည်မဟုတ်ပါ။

မွေးစားညီလေး [COMPLETE]Where stories live. Discover now