အပိုင်း ၉

18.7K 901 22
                                    


Unicode

"ဒေါက်.. ဒေါက်.... ဒေါက်.. "

အခန်းတံခါးခေါက်သံက ကုတင်ပေါ်ငေးငိုင်နေသည့်သတ္တိကို လက်ရှိ ပစ္စုပ္ပန်ထဲဆွဲခေါ်လေသည်။ သူသတိဝင်တော့မှနံရံကိုကန်ပြီး ပြန်ကျလာသည့် သူ့ရဲ့ ဖုန်းလေးကတော့ကြမ်းပြင်ပေါ် ပင့်ကူအိမ်အလား အစင်းရာများနဲ့သနားစရာကောင်းစွာ ရှိနေသည်။ စိတ်တိုပြီး ရိုက်ခွဲလိုက်မိတာကိုမယုံနိုင်သေး ။တကယျတမျးကွအဓိပ်ပါယျမရှိသောလုပျရကျသာဖွဈမှနျးသူသိသညျ။

အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့မမြင်ချင်ဆုံးမျက်နှာကို မြင်လိုက်ရသည်။

အငြင်းပွားပြီးပြဿနာဖြစ်ချင်စိတ်မရှိတာကြောင့်
သတ္တိ ခပ်ပြတ်ပြတ်ပဲမေးလိုက်သည်။

"ဘာကိစ္စလဲ"

" ညစာမစားတော့ဘူးလားတစ်လမ်းလုံးခင်ဗျားပဲ
အူပြတ်မတက်ဗိုက်ဆာနေပါတယ်ဆို"

"မင်းကျေးဇူးနဲ့ ခွေးစာတွေစားလိုက်ရလို့ဝသွားပြီ
ကျေးဇူးပဲ"

သတ္တိ ပြောပြီးတာနဲ့ အခန်းတံခါးကိုပိတ်ဖို့ရွယ်မိသော်လဲကံမကောင်းစွာနဲ့ပဲ ထည်ကတံခါးကိုသူ့လက်နဲ့အတင်းအကျပ်ဆုပ်ကိုင်ထားတာလွှတ်ပေးဖို့အစီအစဥ်မရှိ။

သူကလည်းနည်းနည်းမှ အလျှော့ပေးဖို့အစီအစဥ်မရှိတာကြောင့် တံခါးလက်ကိုင်ကို အတင်းဆွဲသည်။ တစ်ဖက်ကလဲလုံးဝလွှတ်မပေး ပြန်ဆွဲထားတာကြောင့် နှစ်ယောက်လုံးကအားပြိုင်နေကြသလိုနှယ်။ တိကသက်ပြင်းချရင်း တံခါးဆီကလက်ကိုအားအနည်းငယ် လျော့ချရင်း မေးလိုက်သည်။

"မင်းဘာစောက်ပြဿနာ လာရှာနေတာလဲ ဟမ်
ငါမစားဘူးလို့ ပြောပြီးပြီလေ.. လစ်လိုက်ပါတော့!!"

"ခင်ဗျားမေ့နေတာလား ကျွန်တော်ဒဏ်ရာကို
ဆေးလိမ်းပေးဖို့တာဝန်ရှိသေးတယ်ဆိုတာ... "

သတ္တိ ဒေါသထွက်စွာ အော်လိုက်မိသည်။

"မင်းရဲ့စောက်လက်ကနှစ်ဖက်လုံးကျိုးသွားတာမို့လို့လား နောက်လက်တစ်ဖက်နဲ့သာလိမ်းလိုက်.. ငါစိတ်မကြည်ဘူး ခန့်ထည်သော် ဒေါသကိုလာမဆွနဲ့"

မွေးစားညီလေး [COMPLETE]Where stories live. Discover now