Unicode
"အဲ့ဒါပြောတာပေါ့ ကိုကိုနဲ့သူနဲ့က လုံးဝအရင်ထဲက
တည့်တာမဟုတ်ဘူး ဒါကို မီမီ့ကိုသိစေချင်လို့ပြောပြတာ""အမြဲတမ်းလည်းပြောနေတာပဲလေ လူချင်းတွေ့မှကိုကိုပြောသလောက်လည်းမဆိုးဘူးလားလို့..."
"ဒါကတော့ မီမီကတစ်အိမ်တည်းအတူတူနေလာတာ
မဟုတ်တော့ ဘယ်သိမလဲ ငယ်ငယ်တည်းကနေလာ
တဲ့ကိုကိုကအကုန်သိတယ် မခုပ်တက်တဲ့ကြောင်လိုမျိူးရည်းစားကလည်းတအားရှုပ်ချင်သေးတာ မီမီ့ရှေ့မှာမို့သာ"စကားဆုံးတော့ မီမီသက်ကျော်ကသက်ပြင်းကိုခိုးချသည်။တလောကလမ်းမှာအမှတ်မထင် ကိုခန့်ထည်သော်နဲ့တွေ့မိပြီးစကားပြောမိတာကို ကိုယ်ကအကြောင်းဆက်စပ်လို့ပြောပြမိတာ ရောက်ကတည်းက ကိုခန့်မကောင်းကြောင်း
ချည်းဖောက်သည်ချလို့ကိုမပြီးတော့။ တချို့တလေစကားတွေက ကိုကိုအပိုတွေထည့်ပြောနေမှန်းသိပေမဲ့ သူငြိမ်ငြိမ်လေးသာထိုင်နားထောင်ပြီးဖြန်ဖြေပေးမိ၏။ အခုကတော့ထုံးစံအတိုင်းပိတ်ရက်ကိုနှစ်ယောက်သားကလျှောက်သွားဖြစ်ကြရင်း ဒီတစ်ခါရောက်လာသည်က ကျောင်းအပြင်နားကဆိုင်။
အစကတော့ ဘယ်သွားရကောင်းမလဲနေရာအရွေးလွန်ရင်း ရောက်သွားတာက ကျောင်းနားတစ်ဝိုက်
ကိုသာ။"ကိုကို အထင်အမြင်လွဲနေတာမျိုးလဲဖြစ်မှာပါ..
သေချာစကားပြောကြည့်တော့လဲ မဆိုးပါဘူး "အဲ့ဒါတွေသူခန့်ထည်သော်ကိုမကျေနပ်တာပဲဖြစ်သည်။ဘယ်လောက်ပဲဒေါင့်မကျိုး၊အပိုးမကျိူးဘူးဆိုဆို သင်းကလူချစ်လူခင်ကသိပ်များလွန်းတယ်။
"ဒါကတော့ အကြောင်းမသိသေးလို့အခုလိုပြောတာပဲဖြစ်မှာ... "
"ဒါဆိုလဲ ကိုကိုက ကိုယ့်ညီလေးအပေါ် နည်းနည်းအလျှော့ပေးကြည့်ပေါ့ ကိုယ့်ဘက်ကအလံဖြူထောင်ပြရင် ဘယ်သူကမာန်မလျော့ဘဲနေနိုင်မှာလဲ..."
သတ္တိ ဟွန့် ခနဲတစ်ချက်သာအသံပြုမိလိုက်တယ်။
သူကဒီကောငျလေးကျိုအလြှော့ပေးဖို့လား။
နောက်ဘုရားပွင့်တောင်မဖြစ်နိုင်ဘူးပဲ။"နောက်ခါအဲ့ကောင်နဲ့အပြင်မှာတွေ့ရင် ကိုကိုမပါဘဲ
စကားလုံးဝမပြောမိစေနဲ့ သူ့ကျိုတှေ့ရငျရှောငျသာရှောငျကွားလား.."