Unicode
ထည် ဟိုတယ်ရောက်တာနဲ့ message ထဲကအခန်းနံပါတ်အတိုင်း ရှာရင်းကောင်တာကဝန်ထမ်းကို မေးမြန်းကာလာခဲ့ရသည်။
ကိုတိနဲ့ အဲ့မိန်းကလေးပြတ်သွားပြီလို့ ပြောခဲ့တာ
အခုမှအလိုမတူဘဲ ကိုတိကထိုမိန်းကလေးကို..!
သူဆက်မတွေးချင် ကိုတိကိုယုံပေမယ့် ထိုမိန်းကလေးကိုမယုံကြည်တာကပိုနေသည်။ အခန်းတံခါးကသော့ခတ်မထားတာကြောင့် သူဝင်လာလိုက်တော့ အရင်ရှာမိတာက သတ္တိကိုပဲဖြစ်သည်။ထို့နောက်မတွေ့တော့မှ သူသက်ပြင်းချလိုက်ပေမဲ့...
"ကိုတိက အခုလိုပြောလိုက်ရင် ရောက်လာမယ်
ပြောတာတကယ်မှန်နေတာပဲ..."နောက်လှည့်ကြည့်တော့ ရှက်စရာကောင်းဖွယ်လက်တစ်လုံးကြိုးနဲ့ပေါင်အတိုလောက်သာရှိတဲ့ ညအိပ်ဝတ်အကျီ~ကို ဝတ်ဆင်ထားပါသော သူကားအတူစီးခဲ့ဖူးသည့်မိန်းမ။
ထည်ဒေါသတကြီးပဲ အရှေ့သို့ တိုးကပ်သွားလိုက်ရင်းထိုမိန်းကလေးရဲ့ လည်ပင်းကိုလက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ကာအနောက်သို့ တစ်ချက်တွန်း၍ ပြောလိုက်သည်က...
"မင်းက ကိုတိရဲ့ကျောင်းကမဟုတ်မှန်းငါသိတယ်..."
"ရှင်.... အစ်... အု... လွှတ်!"
"ကိုတိဘယ်မှာလဲ?"
သူပြောရင်းလွှတ်ပေးလိုက်တော့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ထည့်ကိုမကျေနပ်သလိုကြည့်လာသည်။
"စောက်ရူး... ဒါတွေအကုန်လုံး ကိုတိအစီအစဥ်ကြီးပဲ.."
"ဘာ!? "
"ဟုတ်တယ် ရှင့်ကိုသဘောကျနေလို့ ကျွန်မက
ကိုတိပြောသလို လုပ်ခဲ့ရုံပဲ ""မင်းပြောတိုင်းငါယုံရမှာလား မဟေသီ
တက်နေတဲ့ ကျောင်းကအစလိမ်ထားပြီး မင်းပါးစပ်က ထွက်သမျှငါယုံစရာအကြောင်းမရှိဘူး..."မဟေသီ လက်သီးကိုတင်းတင်းဆုပ်လိုက်ရင်း
ကုတင်ဘေးစားပွဲပေါ်ရှိ ဖုန်းကိုယူကာနံပါတ်တစ်ခုကို
အပြေးအလွှားနှိပ်လိုက်မိသည်။ မဟေသီနဲ့သတ္တိ
ဖုန်းပြောနေတဲ့စကားအသွားအလာကို ကြည့်ပြီး
ထည်ရင်တွေတလှပ်လှပ်ဖြင့်သာ။ ဒီလိုမိန်းမလက်ထဲ ထိုးထည့်ပေးဖို့ သတ္တိကသူ့ကိုကြံရွယ်သည်တဲ့။
ထည်မယုံကြည်နိုင်သေး။ ဝမ်းနည်းမှုကတကိုယ်လုံးကို လှိုက်တက်လာသည့်အခါ ဒေါသအဖြစ်ပြောင်းကုန်သည်။