Unicode
(This Chapter is Warning⛔)
ဒီလိုအေးစိမ့်စိမ့်အခန်းထဲတစ်ယောက်တည်းရှိနေရတာ ပုံမှန်စိတ်အခြေအနေနဲ့ဆိုတိကြောက်နေမိလောက်သည်။ အခန်းကျယ်ကျယ်ထဲမှာတစ်ယောက်တည်း အရက်ပုလင်းရှေ့ချပြီး နှစ်ပါးသွားနေရတာအထီးကျန်စရာကောင်းသည်။ ဝမ်းနည်းစရာကောင်းသည်။ ရင်ထဲလှိုက်တက်လာတဲ့ဝမ်းနည်းမှုကိုဖျောက်ဖို့ ဒုတိယအကြိမ်မြောက် ပုလင်းထဲကအယ်လ်ကိုဟောကိုလည်ချောင်းထဲစီးဝင်စေသည်။ရှတတနဲ့ပူစပ်စပ်အထိအတွေ့ လည်ချောင်းထဲကဖြတ်စီးဝင်သွားပေမဲ့ နှလုံးသားထဲကခံစားရတာတွေကိုတော့၁ရာခိုင်နှုန်းလောက်တောင်လျော့မသွားစေခဲ့။သူထည့်အပေါ်မှာ အဲ့လောက်တောင်သဘောကျမိသွားခဲ့တယ်ထင်သည်။ အခြားတစ်ယောက်ယောက်နဲ့ကြည်နူးနေမှာတွေးမိတိုင်း၊ သူဟုတ်မနေတဲ့အခြားသူနဲ့ တစ်ဘဝလုံးဖြတ်သန်းသွားတော့မှာလို့ တွေးမိတိုင်း တိမွန်းကြပ်လာမိသည်။
နောက်ထပ်တစ်ခွက်၊နှစ်ခွက်၊ သုံးခွက်....
ဘယ်နှစ်ခွက်မြောက်မှန်းတောင်မသိတော့ လူကတစ်ကိုယ်လုံးပူထူလာပြီး ခံစားချက်ကထူးဆန်းလာတာကိုတိနည်းနည်းတော့ခံစားနေရပြီ။"ခွေးကောင်... ခန့်ထည်သော်... !ခန့်ထည်သော်က
ခွေးမသား...!! ဒီကြားထဲ.. ကြားထဲ.. လူလိမ်မြွေပွေးလိုကောင်....!အာ့....ဟူးးးး~"ဆိုဖာပေါ်လှဲချလိုက်ရင်း စိတ်ထဲရှိသလိုထည့်ကိုဆဲရေးပြီးပေါက်ကွဲမိသည်။ အခန်းထဲကဖွင့်ထားတဲ့Englishသီချင်းသံသဲ့သဲ့ကလည်းဘာတွေလာနေမှန်းသူမသိ။တိလည်ကုတ်ကိုပွတ်သပ်ရင်း ဝတ်ထားတဲ့စွယ်တာအကျီလိုအပါးထပ်ကို ခေါင်းကနေဆွဲချွတ်လိုက်မိတော့... အနီရဲရဲလက်ပြတ်အကျီလေးက
လက်မောင်းကြွက်သားဖွေးဖွေးတို့ဖြင့်ရဲခနဲနေအောင်ပေါ်လာသည်။"ဟင်းး....ပူလိုက်တာ...!ရင်ဘတ်ထဲကပဲပူနေရင်
တော်ပြီပေါ့...! အခုတစ်ကိုယ်လုံးပါပူနေရလား
အဲ့ဒါမြွေပွေးလိုကောင်ကြောင့်...!အစ်..! ခန့်ထည်သော်ဆိုတဲ့ခွေးမသားကြောင့်... !"ပါးစပ်ကလည်းထည့်ကိုဆဲဖို့ရပ်မသွားသလို မရည်ရွယ်ပါပဲကျလာတဲ့မျက်ရည်တွေ။ နှာတစ်ချက်ရှုပ်လိုက် ကျလာတဲ့မျက်ရည်တွေကိုသုတ်လိုက်၊
ပူနေတဲ့ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ဖြင့် တစ်ယောက်တည်းဆောက်တည်ရာမရဖြစ်နေခဲ့သည်။